#Local_News
Published_3 February 2023

ဗဟိုဘဏ်မှ ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်း မှတ်ပုံတင် လက်မှတ်ထုတ်ပေးထားသည့် Imperial Myanmar Finance ကုမ္ပဏီအား Money Changer လိုင်စင် ရုတ်သိမ်းထားကြောင်း သိရသည်။

 

အဆိုပါ ကုမ္ပဏီအား On-Site သွားရောက်စစ်ဆေးရာတွင် Money Changer လုပ်ငန်းကိုလည်း ဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် ဗဟိုဘဏ်မှချမှတ်ထားသည့်မူအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပေးခဲ့သည့် Money Changer လိုင်စင်အမှတ်(စီဘီအမ်-အက်ဖ်အီးအမ်ဒီ-၄၈၇/၂၀၂၀)အား ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ပြီး လိုင်စင်ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

 

ဗဟိုဘဏ်မှ မှတ်ပုံတင်လက်မှတ်ထုတ်ပေးထားသည့် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများသည် Money Changer လုပ်ငန်းဆောင်ရွက်လိုပါက ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းအောက်မှမဟုတ်ဘဲ သီးခြားကုမ္ပဏီ(သို့မဟုတ်) မိခင်ကုမ္ပဏီအမည်ဖြင့်သာ လျှောက်ထားရမည်ဖြစ်ကြောင်း သတ်မှတ်ထားခြင်းဖြစ်သည်။

 

#ymg/sth
#Yangon_Media_Group