#Local_News
Published_ 3 February 2023

 

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်လမ်းဘေးတစ်နေရာတွင်သေဆုံးနေသော အမျိုးသားမှာမည်သူမည်ဝါဟု မသိရသေးကြောင်း မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါ အမျိုးသားရုပ်အလောင်းကိုတွေ့ရှိကြောင်း ဖေဖော်ဝါရီလ ၁ ရက် ညနေ ၄ နာရီကျော် အချိန်တွင် သိရသောကြောင့် အသင်းအနေဖြင့် သွားရောက်၍ ကူညီခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

"သေသူကတော့ လူလတ်ပိုင်းပဲ၊ သူ့ရဲ့ပါးမှာ ဖူးရောင်နေတဲ့ ဒဏ်ရာရှိတယ်၊ လက်မှာက ဆေးထိုးအပ်ရာတွေ လေးနေရာလောက်တွေ့တယ်။အခု ကြားသိရသလောက်ကတော့ ချမ်းမြသာစီမြို့နယ်ထဲကလို့ သိရတယ်။ ဒါပေမဲ့ မိသားစုက အကြောင်းမကြားဘူး၊ ၃ ရက်လောက် စောင့်လို့မှ ဆက်သွယ်လာသူမရှိဘူးဆိုရင် ပိုင်ရှင်မဲ့အနေနဲ့ ဆေးရုံကနေ သဂြိုဟ်ရမယ်"ဟု ယင်းအသင်းတာဝန်ရှိသူက ပြောသည်။

 

လက်ရှိတွင် သေဆုံးနေသူ၏ ရုပ်အလောင်းကို မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့က မန္တလေးဆေးရုံကြီးရင်ခွဲရုံသို့ အပ်နှံရာ PR နံပါတ် 03 ဖြင့် လက်ခံထားကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group