#Local_News
Published_ 18 January 2023

 

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ အောင်ဇေယျ ၅ လမ်းရှိနေအိမ်တစ်အိမ်တွင် ဇန်နဝါရီလ ၁၇ ရက် မွန်းလွဲပိုင်းက ဖောက်ထွင်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အခင်းဖြစ်ရာ နေအိမ်သို့ လူလေးဦးပါ လူတစ်စုက လူမရှိသည့် အချိန်တွင် ငွေကျပ် (၁၇) သိန်း တန်ဖိုးရှိ ကွန်ပျူတာ လပ်တော့ပ်တစ်လုံး၊ ကျောက်စိမ်းအလုံးသေးတစ်ချို့နှင့် ဖုန်းအဟောင်း (၃) လုံးတို့ကို ဖောက်ထွင်းယူဆောင်သွားကြောင်း ကာယကံရှင်က လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

 

အဆိုပါ လေးဦးပါအဖွဲ့က နေအိမ်သို့ ဖောက်ထွင်း ဝင်ရောက်လာသည့် CCTV မှတ်တမ်းများကိုလည်း အဆိုပါ ဖောက်ထွင်းခံရသော နေအိမ်ပိုင်ရှင် ကာယကံရှင်က လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

 

#ymg/mt
#Yangon_Media_Group