#Daily_News
Published_ 08 April 2024
၁။ သင်္ကြန်နှင့်ကထိန်အလှူပွဲများအတွက် ထိုင်း၊ မလေးရှား၊ လာအို၊ ဂျပန်၊ သြစတြေးလျတို့မှ အိုးစည်ဒိုးပတ်များအမှာများ
၂။ သင်္ကြန်ကာလ နီးသော်လည်း အာလူးဈေးဆက်တိုက်ကျဆင်းနေ
၃။ သင်္ကြန်ကာလနီးလာ၍ ရွှေဈေးကွက်အေးနေ
၄။ ဒဏ္ဍာရီလာတရုတ်ဧကရာဇ်ကို ဂုဏ်ပြုခြင်းအခမ်းအနား ဧကရာဇ်ဗိမာန်တွင်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
- Category: Myanmar
ထိုင်းနိုင်ငံသို့သွားရောက် အလုပ်လုပ်ကိုင်မယ့် မြန်မာ MoU အလုပ်သမားများကို ရန်ကုန်လေဆိပ်ကနေ ထိုင်းနိုင်ငံဘန်ကောက် ရှိ ဒွန်မောင်း လေဆိပ်သို့ လေကြောင်းခရီးဖြင့် ဧပြီ ၂၉ရက်မှ စတင်စေလွှတ်သွားမယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) ထံက သိရပါတယ်။
#Local_News
Published_ 08 April 2024
#MOU လုပ်သား #တစ်ရက်လျှင်၄၀၀ ဦးခန့်စေလွှတ်
#YMG/LW #Yangon_Times
- Category: Myanmar
#Local_News
Published 8 April 2024
မြန်မာ့ရိုးရာသင်္ကြန်ကာလအတွင်း ယာဉ်မောင်းသူများ အရက်သေစာ သောက်စားခြင်း ရှိမရှိကို အရက်မူးတိုင်းကိရိယာ Alcohol Tester ဖြင့် စစ်ဆေးပြီး ချိုးဖောက်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၄ ခုနှစ် သင်္ကြန်ကာလဖြစ်သည့် ဧပြီ ၁၃ရက် မှ ၁၆ရက်အထိ ယာဉ်မောင်းသူများအနေဖြင့် သတိပြုရမည့်အချက်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်လိုက်သည်။
အဆိုပါ အချက်များတွင် မူးယစ်သောက်စားပြီးယာဉ်မောင်းနှင်ခြင်းမပြုရ၊ စည်းကမ်းမဲ့ပြိုင်မောင်းခြင်းများမပြုရ၊ ယာဉ်နံပတ်ပြား မပါရှိဘဲ မမောင်းရ၊ နိုင်ငံတကာအလံများယာဉ်တွင် တပ်ဆင်မောင်းနှင်းခြင်းမပြုရ၊ ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း မည်သည့်မော်တော်ဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်များ လုံးဝစီးနင်းခြင်း မပြုရစတဲ့ အချက်များ အပါအဝင် လိုက်နာမည့်စည်ကမ်းချက်များကို အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ စည်းကမ်းချက်များကို ကျူးလွန်ပါက တည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သိရသည်။
#Local_News #အရက်သေစာသောက်စားခြင်းရှိမရှိ #Alcohol Testerဖြင့်စစ်ဆေး #YMG/LW #Yangon_Times
- Category: Myanmar
သင်္ကြန်နားနီးချိန်ရွှေတိဂုံစေတီတော်ကို နိုင်ငံခြားသားခရီးသွားဝင် ရောက်မှုအနေနဲ့ တစ်ရက်ကိုတစ်ရာကျော် တစ်လကို (၆၀၀၀)ခန့်ဝင်ရောက်တယ်။ပြည်တွင်းဘုရားဖူးပုံမှန် (၁)သောင်း ၊(၂)သောင်းလောက်ဝင်ပြီး ပိတ်ရက်တွေမှာတော့ (၄)/(၅)သောင်းကနေ(၈)သောင်းအထိဝင်ရောက်တယ်။
(ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်ဦးဘိုးသင်း)
#Local_News
Published_ 08 April 2024
#ရွှေတိဂုံစေတီတော် #နိုင်ငံခြားသားပုံမှန်တစ်ရက်(၁၀၀)ကျော်ဝင်
#tthl #Yangon_Times
- Category: Myanmar
သင်္ကြန်ကာလနီးလာတဲ့အတွက် ပြည်တွင်းဝယ်လိုအားများကာ အခြေခံစားသောက်ကုန်အချို့ ဈေးမြင့်လာပေမယ့် အာလူးဈေးကတော့ ဆက်လက်ကျဆင်းနေတယ်လို့ အာလူး အရောင်းဝယ်ပြုလုပ်သူတွေထံက သိရပါတယ်။
#Local_News
Published_ 08 April 2024
#အာလူးဈေးဆက်တိုက်ကျဆင်း #ပြည်တွင်းဝယ်လိုအားများ
#YMG/LW #Yangon_Times
- Category: Myanmar
သင်္ကြန်ကာလနီးလာ၍ရွှေဈေးကွက်အေးနေ'သင်္ကြန်နီးလာတော့ ရွှေကုန်သည်တွေက ပြည်တွင်း၊ ပြည်ပခရီးစဉ်တွေသွားလာနေကြတဲ့အတွက် ဈေးကွက်ထဲအရောင်းအေးနေတာဖြစ်ပါတယ်'
#Local_News
Published_ 08 April 2024
#ရွှေဈေးကွက်အေးနေ #သင်္ကြန်ကာလနီး
#YMG/NN #Yangon_Times
- Category: Myanmar
သင်္ကြန်နဲ့ကထိန်မှာ အိုးစည်ဒိုးပတ်တွေအမှာ အများဆုံးနိုင်ငံကထိုင်းနိုင်ငံဖြစ်ပြီး မလေးရှား၊ လာအို၊ ဂျပန်နဲ့ဩစတြေးလျနိုင်ငံတွေကလည်းအမှာ များနေတယ်။
(ဒို့ဗမာ အိုးစည်ဒိုးပတ်ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး)
#Local_News
Published_ 08 April 2024
#အိုးစည်ဒိုးပတ် #သင်္ကြန်နဲ့ကထိန်
#tthl #Yangon_Times #YMG_News #Yangon_Media_Group
- Category: Myanmar