ဟိန္ဒူရုပ်တုများနှင့် ဗုဒ္ဓဆင်းတုတော်များအပါအဝင် ရှေးဟောင်းရုပ်တု၂၇ခုကို အမေရိကန်ပြည်ထောင် စုက ကမ္ဘောဒီးယားနိုင်ငံသို ပြန်လည်လွှပြောင်းပေးအပ်ခဲ့ပါတယ်။

နယူးယောက်က စုံစမ်းထောက်လှမ်း ရေးသမားတွေက အဲဒီရှေးဟောင်းပစ္စည်းတွေကို နှစ်ပေါင်းများစွာ စုံစမ်းရှာဖွေခဲ့ပြီးနောက် ပြန်လည်ရရှိခဲ့တာဖြစ်တယ်လို ရိုက်တာသတင်းကရေးသားပါတယ်။

#ကြီးမားတဲ့တန်ဖိုး
အဲဒီရှေးဟောင်းပစ္စည်းတွေထဲမှာ ဟိန္ဒူရုပ်တုတွေနှင့် အန်ကောရီယန်ခေတ် ဗုဒ္ဓဆင်းတုတော်တွေပါဝင်နေပြီး အမေရိကန်ဒေါ်လာ ၃.၈သန်းခန့် တန်ဖိုးရှိတယ်လိုဆိုပါတယ်။

#ပျောက်ဆုံးခဲ့တဲ့ဝိဉာဉ်တွေ
.အခုလိုရှေးဟောင်းလက်ရာ ၂၇ခုကို ကမ္ဘောဒီးယားပြည်သူတွေဆီ ပြန်ပိုဆောင်ပေးရတာဟာ ရှေးဟောင်း အန်ကာခေတ်နှင့် ခေတ်သစ်ဓလေ့ထုံးတမ်းတွေအကြား အရေးကြီးတဲ့ ချိတ်ဆက် မှုလုပ်ဆောင်ပေးလိုက်တာဖြစ်ပါတယ်လို မန်ဟန်တန်ခရိုင်ရှေ့နေ ဆိုင်ဗင့်စ်ဂျူနီယာက သတင်းထုတ် ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။ အဲဒီရှေးဟောင်းအမွေအနှစ်တွေကို လောဘဇောတိုက်နေတဲ့ ရှေးဟောင်း ပစ္စည်း မှောင်ခိုကုန်ကူးသူတွေက ခိုးယူခဲ့ကြတာဖြစ်တယ်လိုလည်း သူကပြောပါတယ်။ ဒီရှေးဟောင်းပစ္စည်းတွေဟာ နိုင်ငံရဲ့ ပျောက်ဆုံးနေတဲ့ ဝိဉာဉ်တွေဖြစ်တယ်လို ကမ္ဘောဒီးယား ယဉ်ကျေးမှုနှင့်အနုပညာဝန်ကြီး ဖိုအန်ဆက်ကိုနားကပြောပါတယ်။

#ဘယ်လိုပြန်ရသလဲ
မန်ဟန်တန်ရှေးဟောင်းပစ္စည်းမှောင်ခိုကူးမှုဌာနနှင့် ပြည်တွင်းလုံခြုံရေးစုံစမ်းစစ်ဆေးရေးဌာနတိုက စုံစမ်းဖော်ထုတ်ခဲ့ရာမှာ ရှေးဟောင်းပစ္စည်း ၄၀၀နီးပါးပြန်လည်ရရှိခဲ့ပါတယ်။ အဲဒီအမွေအနှစ်တွေကို နိုင်ငံပေါင်း၁၀နိုင်ငံထံ ပြန်လည်ပေးအပ်ခဲ့ရာမှာ ကမ္ဘောဒီးယားက တစ်နိုင်ငံအပါအဝင်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုများစွာကတည်းက ခိုးယူခံခဲ့ရတဲ့ အလေးချိန်ပေါင်၁၅၀၀ခန့်စီရှိတဲ့ ရှေးဟောင်းပန်း ပုရုပ် တုကြီးနှစ်ခုကိုလည်း ပြီးခဲ့တဲ့အပတ်က ထိုင်းနိုင်ငံထံကို အမေရိကန်က ပြ်လည်လွှပြောင်းပေးခဲ့ပါတယ်။ အဲဒီရှေးဟောင်းလက်ရာတွေကို ဆန်ဖရန်စစ္စကိုပြတိုက်မှာ ပြသထားခဲ့တာဖြစ်ပါတယ်။