ပါလီမန်အမတ်တစ်ယောက်ကို လက်သီးနှင့်ထိုးလိုက်လို့ ”ဦးလက်သီး” ဆိုတဲ့အမည်ပြောင်ရသွားတဲ့ မွန်ဂိုလီးယားဝန်ကြီးချုပ်ဟောင်းကူရီဆုကန်နာဟာ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိသွားတယ်လို့ SCMP သတင်းစာကရေးသား လိုက်ပါတယ်။

#ပူတင်စတိုင်
သူဟာ မြင်းပေါ်မှာ ကိုယ်အပေါ်ပိုင်းဗလာကျင်းပြီး ပူတင်စတိုင်ဓါတ်ပုံအရိုက်ခံခဲ့တဲ့ ငါဟဲ့ယောကျ်ား ဆိုတဲ့ စရိုက်မျိုးရှိသူဖြစ်ပါတယ်။ ရှပ်အင်္ကျီမဲ့ အမဲလိုက်သေနတ်ကြီးကိုင်ပြီး ဓါတ်ပုံရိုက်ခဲ့တာပါ။ ကြာသပတေးနေ့က သမ္မတရွေးကောက်ပွဲမဲရလဒ်ကိုကြေညာရာမှာ ဝန်ကြီးချုပ်ဟောင်းဖြစ်ခဲ့သူ သူဟာ မဲ၇၀ရာခိုင်နှုန်းခန့်ရရှိပြီး အနိုင်ရခဲ့တာဖြစ်တယ်။ အခုရွေးကောက်ပွဲဟာ (၂)နှစ်အတွင်း တတိယအကြိမ် ရွေးကောက်ပွဲဖြစ်ပြီး မဲပေးသူအနည်းဆုံးဖြစ်ခဲ့ပါတယ်။

#နိုင်ငံရေးမတည်ငြိမ်
သူဟာ လက်ရှိသမ္မတ စီးပွားရေးလုပ်ငန်းရှင် ဘက်တူဂါးခတ်မား နေရာ အစားထိုးတာဝန်ယူမှာဖြစ်ပါ တယ်။လက်ရှိသမ္မတဟာ အခြေခံဥပဒေအရ နှစ်ကြိမ်ဆက်တိုက်ရွေးခံခွင့်မရှိလို့ ဝင်ပြိုင်ခွင့်မရခဲ့ပါဘူး။ ဘက်တူဂါခတ်မားဟာ ကိုယ်ခံပညာရပ်တစ်ခုဖြစ်တဲ့ ဆမ်ဘိုကမ္ဘာ့ချန်ပီယံဟောင်းတစ်ဦးဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့မွန်ဂိုလီးယားပြည်သူတွေကို နှလုံးသားထဲကနေလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်လို့ သူကပြောပါတယ်။ မွန်ဂိုလီးယားဟာ တရုတ်နှင့်ရုရှားအကြားက ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံဖြစ်လာကတည်းက နိုင်ငံရေးမတည်ငြိမ်မှုတွေနှင့်ရင်ဆိုင်နေရတာပါလို့ သတင်းကရေးသား ပါတယ်။၁၉၉၂ခုနှစ်မှာ ပထမဆုံးအခြေခံဥပဒေပြဌာန်းပြီး ကွန်မြူနစ်စနစ် နိဂုံးချုပ်ခဲ့တာဖြစ်ပါတယ်။