Published-3 July 2021

ဝင်နီပက်ခ်-ကနေဒါ ဝိတိုရီယဘုရင်မကြီးနှင့် အဲလ်ဇဘက်-၂ ဘုရင်မကြီးတို့ရဲ့ ရုပ်တုတွေကို ကနေဒါနိုင်ငံ ဝင်နီပက်ခ်မှာ ဆန္ဒပြသူတွေက ဇူလိုင်၂ရက် ဖြိုလှဲချခဲ့ကြကြောင်း ရိုက်တာက သတင်းပေးပိုပါတယ်။ ယခင် တိုင်းရင်းသားတွေရဲ့ ကျောင်းတွေမှာ ရာပေါင်းများစွာသော ကလေးငယ်တွေရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာကြောင့် စိတ်ဆိုးဒေါသထွက်ကြပြီး အခုလို ဘုရင်မကြီးတွေရဲ့ ရုပ်တု တွေကို ဖြိုလှဲချပစ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီရုပ်တုတွေ မဖြိုချခင် လူအုပ်ကြီးက “ မျိုးဖြုတ်သတ်ဖြတ်တာ ဂုဏ်ယူစရာမဟုတ်” လို့ကြွေးကြော်ခဲ့ ကြတယ်လို့ဆိုပါတယ်။ အဲဒီလှုပ်ရှားဆောင်ရွက်မှုကို ကြာသပတေးနေ့မှာကျရောက်တဲ့ ကနေဒါနေ့ မှာ လုပ်ဆောင်ခဲ့ကြာတာ ဖြစ်ပါတယ်။

ကနေဒါနေ့ကို ထုံးစံအရ တစ်နိုင်ငံလုံးမှာ ကျင်းပခဲ့ကြပေမယ့် ဒီနှစ်မှာတော့ တိုင်းရင်းသားကလေးတွေ သေဆုံးခဲ့ကြတဲ့ အရှုပ်တော်ပုံဟာ ကနေဒါနိုင်ငံသားတွေအတွက် သူတို့ရဲ့ကိုလိုနီသမိုင်းကို ပြန်ပြီးဆန့်ကျင်စရာတွေ ဖြစ်လာမှာစိုးရိမ်လို့  မြို့တော်တော်များများက ဖျက်ပစ်ခဲ့ပါတယ်။ ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒေါက ပြန်ပြောင်းဆင်ခြင်စရာ ရက်ကလေးတစ်ရက်လို့ ပြောပါတယ်။ ်ချီဝန်တို့က ယခင် ဘော်ဒါကျောင်းတွေမှာ ရှာတွေ့ခဲ့ကြပါတယ်။ အဲဒီကျောင်းတွေကို အစိုးရရဲ့ရန်ပုံငွေနှင့် ကက်သလစ်ဘုရားကျောင်းတွေက ဖွင့်လှစ်ခဲ့ကြတာဖြစ်တယ်လို့ ရိုက်တာကရေးပါတယ်။
ဝင်နီပက်ခ်မြို့မှာ ဝိတိုရီယဘုရင်မကြီးရုပ်တု ပြိုလဲကျသွားချိန် လူအုပ်ကြီးက ကောင်းချီးပေးကြပါတယ်။ အများစုအဝါရောင်ဝတ်ဆင်ထားတဲ့ ဆန္ဒပြသူတွေဟာ ရုပ်တုကိုခြေထောက်တွေနှင့်ကန်ကျောက်ပြီး အနားမှာ ကကြခုန်ကြတယ်လို ဆိုပါတယ်။ ပြီးတော့အနီးက အဲလစ်ဇဘက် ဘုရင်မကြီးရုပ်တုကိုပါ ဆက်ပြီးဖြိုချခဲ့ကြတာပါ။ ကနေဒါဟာ ဗြိတိသျှအင်ပါယာအောက် ကိုလီုနီဖြစ်ခဲ့ရစဉ် ၁၈၃၇ ခုနှစ်နှင့် ၁၉၀၁ အကြား ဗစ်တိုရီးယားဘုရင်မကြီးက အုပ်စိုးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိလည်း ဘုရင်မကြီးဟာ ကနေဒါနိုင်ငံရဲ့ နိုင်ငံ့ခေါင်းဆောင် ဖြစ်နေပါသေးတယ်။

ဝန်ကြီးချုပ်က ကနေဒါနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ကလေးငယ်တွေရဲ့ ရုပ်အလောင်းတွေ ဖော်တွေ့ တာဟာ ကနေဒါရဲ့ သမိုင်းဝင်ကျရှုံးမှုတစ်ခုကို ထင်ဟပ်နေခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ဘုရင်မကြီးရဲ့ ရုပ်တုကိုဖျက်ဆီးတဲ့ မည်သည့်လုပ်ရပ်ကိုမဆို ရှုံ့ချတယ်လို့ ပြောဆိုပါတယ်။ ဒီကိစ္စတွေနှင့်ပတ်သက်ပြီး ဗြိတိသျှအစိုးရဟာ ကနေဒါအစိုးရနှင့် နီးနီးကပ်ကပ် ပြောဆိုဆောင်ရွက်နေပါတယ်လို့ သူကဆက်ပြောပါတယ်။

Ref: Reuters