Published 14 Dec 2022

အမေရိကန်စစ်တပ်ဟာ တောင်ကိုးရီးယားမှာ အာကာသတပ်ဖွဲ့တစ်ဖွဲ့ကို  ဗုဒ္ဓဟူးနေ့က တည်ထောင်လိုက်ပါတယ်။ အဲဒီအာကာသတပ်ဖွဲ့ဟာ  မြောက်ကိုးရီးယားမှ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်တာတွေကို ထောက်လှမ်းသိရှိဖို့ ပိုမိုထိရောက်စွာကူညီပေးနိုင်တော့မှာဖြစ်ပါတယ်။

မြောက်ကိုးရီးယားဟာ လေကြောင်းစစ်လက်နက်စမ်းသပ်မှုတွေကို ဒီနှစ်မှာ စံချိန်တင်ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီစမ်းသပ် မှုတွေထဲမှာ ပြီးခဲ့တဲ့လကစမ်းသပ်ခဲ့တဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်အသစ်လွင်ဆုံးတွေလည်းပါဝင်ပါတယ်။

“ အကာသတပ်ဖွဲ့ဟာ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုတွေကို အချိန်နှင့်တပြေးညီနီးပါးမျှ ထောက်လှမ်းသိရှိ သတိပေးနိုင်  ပါလိမ့်မယ်” လို့ အမေရိကန်တပ်-ကိုးရီးယားက သတင်းထုတ်ပြန်ပါတယ်။

ကျွန်တော်တိုနှင့် ၄၈မိုင်လောက်ပဲကွာတဲ့နေရာမှာ လက်ငင်းခြိမ်းခြောက်မှုတစ်ခု တည်ရှိနေတယ်။ အဲဒီခြိမ်းခြောက်မှုကို ကျွန်တော်တို့ဟန့်တားရမယ်၊ကာကွယ်တိုက်ဖျက်ရမယ်။ လိုအပ်လာရင် တိုက်ခိုက်ရလိမ့်မယ်” လို့ အဲဒီအကာသတပ်ဖွဲ့ ကို ဦးဆောင်မယ့် ဒုတိယဗိုလ်မှူးကြီး ဂျိုဆွား မက်ကူလီယွန်းက ပြောပါတယ်။

ဒီတပ်ဖွဲ့သစ်ဟာ အမေရိကန်-ကိုရီးယားမဟာမိတ်ဖြစ်မှုအပေါ် ခိုင်မာတောင့်တင်းတဲ့ကတိကဝတ်ကို တိုးမြှင့်လိုက်ပြီလို့ သူက ဆက်လက်ပြောဆိုပါတယ်။

နျူကလီးယားလက်နက်ပိုင်မြောက်ကိုးရီးယားရဲ့ အန္တရာယ်ကနေ ကာကွယ်ရာမှာကူညီဖို့ တောင်ကိုရီးယားမှာ အမေရိကန် စစ်သား ၂၈၅၀၀ ဦးခန့်ရှိနေကြပါတယ်။ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲကို စစ်ဆိုင်းသဘာတူညီမှုနှင့် အဆုံးသတ် ခဲ့ပေမယ့် ငြိမ်းချမ်းရေးစာချုပ်မဟုတ်တဲ့အတွက် နှစ်နိုင်ငံဟာ သဘောတရားအရ စစ်ပွဲဆက်ဖြစ်နေတုန်းပဲဖြစ်ပါတယ်။

၂၀၁၈ခုနှစ်မှာ သမ္မတဟောင်းဒေါ်နယ်ထရမ့်က အာကာသတပ်ဖွဲ့စည်းဖို့ အမိန့်ပေးခဲ့ပါတယ်။ ပင်တဂွန်ဟာ အာကာသမှာ ပျော့ကွက်တွေရှိနေတာကို ကိုင်တွယ်ဖြေရှင်းပြီး ဂြိုဟ်ပတ်လမ်းမှာ အမေရိကန်အသေအချာကြီးစိုးအောင်လုပ်ရမယ် လို့ပြောခဲ့ပါတယ်။

တောင်ကိုးရီးယားမှာ ယခုဖွဲ့ပေးလိုက်တဲ့ အာကသာတပ်ဖွဲ့ဟာ အမေရိကန်နိုင်ငံပြင်ပမှာ လုပ်ငန်းလုပ်ဆောင်နေတဲ့ အာကသာတပ်ဖွဲ့တွေထဲက တစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကလည်း အမေရိကန်စစ်တပ်ဟာ ဟာဝိုင်ယီမှာ အင်ဒိုပစိတ်ဖိတ်စစ်တိုင်းက အာကာသတပ်တိုက်ပွဲဝင် စစ်ဌာန  ချုပ်တစ်ခုကို စတင်လည်ပတ်ခဲ့ပါတယ်။

တောင်ကိုးရီးယားလေတပ်ဟာ သူ့ရဲ့ကိယ်ပိုင်အာကာသ တပ်ဖွဲ့တစ်ခု ဒီလစောစောပိုင်းက ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီတပ်ဖွဲ့က အမေရိကန်စစ်တပ်နှင့် အကာသစစ်ရေးဆိုင်ရာကိစ္စတွေပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။

ကုလလုံခြုံရေးကောင်စီက မြောက်ကိုးရီးယားရဲ့ ပဲ့ထိန်းဒုံကျည်စမ်းသပ်မှုတွေကို  ကြိမ်ဖန်များစွာတားမြစ်ထား ပေမယ့်  ဆိုးလ်နှင့်တိုကျိုမဟာမိတ်တွေကို အကာအကွယ်ပေးနေတဲ့ ဝါရှင်တန်ရဲ့ လှုပ်ရှားမှုတွေကို တုန့်ပြန်ဖို့အတွက် စမ်းသပ်မှုတွေဟာ တရားဝင်တယ်လို့ မြောက်ကိုးရီးယားက ပြန်ချေပခဲ့ပါတယ်။

Source AFP

#US_South_Korea_Military_Alliance

#US_space-force_in_South_Korea

#Korea_Peninisula_tensions