Published 11 Dec 2022

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံပြည်နယ် ကွမ်ကျူးမြို့တော်မှာ လူဖန်တီးသည့် သားဖောက်ခြင်းဖြင့် မွေးဖွားလာခဲ့တဲ့ ပထမဆုံးအသုတ် ဂျင်တို ပင်ဂွင်းငှက်သုံးကောင်ဟာ ယခုဆို တစ်လသားကလေးတွေရှိလာပါပြီ။ ပင်ဂွင်း ကလေး      သုံးကောင်ဟာ ကျန်းကျန်းမာမာရှိပြီး အခုဆို အများပြည်သူ ကြည့်ရှုနိုင်အောင်ပြသထားပါတယ်။

ကွမ်ကျိူးက ဂရင်းဗျူး အဏ္ဏဝါပြတိုက်မှာ နိုဝင်ဘာလက အဲဒီပင်ဂွင်းကလေးသုံးကောင်ဟာ သားဖောက်မွေးဖွားလာခဲ့တာ ဖြစ်ပြီး မွေးဖွားစဉ်မှာ ကိုယ်အလေးချိန် ၈၀ ဂရမ်ဆီရှိကြပါတယ်။ ပင်ဂွင်းမိဘနှင့် စောင့်ရှောက်ထိန်းသိမ်းရေးအဖွဲ့ရဲ့ ပြုစုမှု အောက်မှာ သူတို့ဟာ အခုဆို ကိုယ်အလေးချိန် ၂.၅ ကီလိုဂရမ်အထိ ကြီးထွားလာကြပြီဖြစ်ပါတယ်။

သူတို့ကျန်းမာစွာကြီးထွားလာကြဖို့အတွက် ပြတိုက်က သူတိုကလေးတွေကို အစာစားတာ၊ ဆော့ကစားတာ၊အိပ်စက်တာ နှင့် အခြားလှုပ်ရှားမှုတွေကို ၂၄နာရီမပြတ် စောင့်ကြပ်ကြည့်ရှုပေးနေကြပါတယ်။ပြီးတော့ သူတို့ရဲ့ကိုယ်အလေးချိန်နှင့် ကျန်းမာရေးအခြေအနေတွေကိုလည်း အမြဲစောင့်ကြည့်ပေးနေကြပါတယ်။

“ ငှက်ကလေးသုံးကောင်ဟာ အခုထက်ထိ ကျန်းမာနေကြပါတယ်။ နောက်ဆို ကျွန်တော်တို့စောင့်ကြည့်တဲ့အဖွဲ့ဟာ နေ့တိုင်း သူတို့ကို ကိုယ်အလေးချိန်ချိန်ပြီး သူတို့ဟာ ပုံမှန်ကြီးထွားလာနေသလား၊ ဒါမှမဟုတ် ကိုယ်အလေးချိန်  ကျဆင်းလာသလားဆိုတာ  စောင့်ကြည့်မှာပါ။ ပြီးတော့ ပင်ဂွင်းတွေကို အားဆေးတွေကိုလည်း တိုက်ကျွေးမှာဖြစ်ပါ  တယ်” လို့ ပင်ဂွင်းထိန်း ပင်န် ယူကျင်းကပြောပါတယ်။

ဂျင်တိုပင်ဂွင်းတွေကို အန္တာတိတ်မဟုတ်တဲ့ဒေသမှာ လူလုပ် သားဖောက်တယ်ဆိုဟာ ကမ္ဘာကအသိအမှတ်ပြုတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ ဒီလိုလူကဖန်တီးသားဖောက်ဖို့ ပြင်ထန်တဲ့သားဖောက်ဝန်းကျင်တစ်ခုနှင့် သိပ္ပံနည်းကျ နည်းစနစ်တွေလိုအပ်ပါတယ်။ အဲဒီအထဲမှာ အလင်းအား၊အပူချိန်၊စိုထိုင်းဆနှင့် ရေဝန်းကျင်ရဲ့သိမ်မွေ့တဲ့အပြောင်းအလဲ တွေ ပါဝင်ပါတယ်။ အဲဒါတွေဟာ သားဖောက်ဖို့ လိုအပ်တဲ့အချက်တွေပါ လို့သူကဆက်ပြောပါတယ်။

Source CCTV+

#Artificially_bred _Gentoo _penguins

#Grandview-Aquarium_Guangzhou

#Science_China