#Ukraine_Crisis
Published 6 December 2022

 

ရုရှားတိုက်ခိုက်မှုများကြောင့် ယူကရိန်းရှိ အိမ်ရာများပျက်စီးပြီး လျှပ်စစ်ဓာတ်အားပေးစနစ်ကို ထိခိုက်ခဲ့တာကြောင့် ပြုပြင်လျက်ရှိရာ ဒေသအများအပြားမှာ အရေးပေါ်ဓာတ်အားပြတ်တောက်မှုများ ထပ်မံဖြစ်ပေါ်ဦးမယ်လို့ ယူကရိန်းမှာ သတိပေးလိုက်ပါတယ်။

 

ရုရှားဘက်ကတော့ ယူကရိန်းတို့ဟာ ရုရှားနိုင်ငံအတွင်းပိုင်းအထိ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။

 

ရုရှားဘက်မှ ဒုံးကျည်များ ထပ်မံပစ်ခတ်မယ်လို့ ခန့်မှန်းထားတဲ့အတိုင်း တနင်္လာနေ့က ပစ်ခတ်ခဲ့ရာ အရင်ပြုပြင်မှုများပြီးဆုံးလို့ မီးပြန်ရတော့မယ့်အချိန်ကျမှ အခုလိုအရေးပေါ် ဓာတ်အားပြတ်တောက်မှု ဖြစ်လာရဦးမှာဖြစ်ပါတယ်။

 

အခုနောက်ဆုံးပစ်ခတ်မှုများအတွင်း အရေးကြီးတဲ့ အခြေခံအဆောက်အအုံများ ထိခိုက်ခဲ့ရာ ယူကရိန်းနေရာအနှံ့အပြားမှာ အပူချိန် သုညဒီဂရီဆဲလ်စီးယပ်စ်အောက်ရှိနေပြီး မှောင်မိုက်နေခဲ့ပါတယ်။

 

ပစ်လိုက်တဲ့ ဒုံးကျည် ၇၀ ထဲမှ အများစုကို ပစ်ချနိုင်ခဲ့ပေမယ့် အနည်းဆုံး လူ ၄ ဦးသေဆုံးခဲ့တယ်လို့ ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က ပြောကြားလိုက်ပါတယ်။

 

ရုရှားဟာ  အောက်တိုဘာအစောပိုင်းကတည်းက ယူကရိန်းစွမ်းအင်အဆောက်အအုံများကို အပတ်စဉ်တိုက်ခိုက်နေခဲ့ရာ ဒါဟာ အရပ်သားတွေကို ပစ်မှတ်ထားရာရောက်ပြီး စစ်ရာဇဝတ်မှုမြောက်ကြောင်း ယူကရိန်းက စွပ်စွဲလိုက်ကာ ရုရှားကတော့ ငြင်းဆန်ထားပါတယ်။

 

ယူကရိန်းစွမ်းအင်အခြေခံအဆောက်အအုံများအတွက် မည်သို့အထောက်အကူပေးမလဲဆိုတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့မှာ အွန်လိုင်းအစည်းအဝေးပြုလုပ်ရန် အမေရိကန်ကပြောကြားခဲ့ပါတယ်။

 

ယူကရိန်းပြည်သူတွေ အညံ့ခံလာအောင် ရုရှားကြံစည်နေတာတွေက မအောင်မြင်ခဲ့ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး'အန်တိုနီဘလင်ကန်'က ပြောကြားလိုက်ပါတယ်။

 

ရုရှားဘက်က အဓိပ္ပာယ်ရှိတဲ့သံတမန်ရေးကိစ္စ ဆွေးနွေးဖို့ စိတ်ဝင်စားပုံမပေါ်သေးသရွေ့ ဘာမှထူးခြားလာမှာမဟုတ်ကြောင်း၊ စိတ်ဝင်စားပြီဆိုရင်တော့ အမေရိကန်က ဦးဆုံးကူညီဖို့အဆင်သင့်ရှိနေကြောင်း ဝေါစထရိဂျာနယ်စီအီးအိုကောင်စီမှာ ‌ပြောကြားခဲ့ပါတယ်။

 

Source: Reuters
#Yangon_Media_Group