Published 6 Dec 2022

✅ အမ်မီဆုနှစ်ထပ်ကွမ်းရ အမေရိကန်ရုပ်ရှင်မင်းသမီး ခရစ်စတီးအယ်လီ Kirstie Alley ဟာ ဒီဇင်ဘာ (၅)ရက် တနင်္လာနေ့မှာ ကွယ်လွန်ခဲ့

✅ အသက် ၇၁နှစ်အရွယ် ခရစ်စတီးအယ်လီသည် အထူးအောင်မြင့်သည့်ရုပ်သံ “Cheers” နှင့် “Look Who’s Talking” ဇာတ်လမ်းများက သူ့ကို ၁၉၈၀ခုနှစ်နှောင်းပိုင်းတွင် အကြီးကျယ်ဆုံး အမေရိကန် ဇာတ်မြူးသရုပ်ဆောင်များထဲက တစ်ဦးအဖြစ်ရောက်ရှိခဲ့

✅ အယ်လီဟာ သိပ်မကြာသေးခင်ကမှ သိရှိခဲ့တဲ့ ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်တယ်လို့ သူမ၏ သားသမီးတွေ ဖြစ်ကြတဲ့ ထရူးနှင့် လီလီပတ်ကားတို့က တွစ်တာတွင်ရေးခဲ့

✅ “ သူမဟာ ရုပ်ရှင် အထင်ကရသရုပ်ဆောင်တစ်ဦးသာမက အံအားသင့်စရာကောင်းလောက်တဲ့မိခင်နှင့် အဖွားတစ်ဦး လည်းဖြစ်တယ်”လို့ သားသမီးတွေက သတင်းထုတ်ပြန်ခဲ့

✅ ထရိုင်လိုဂျီကားမှာ သူမနှင့်အတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသား ဂျွန်ထရာဘိုတာက သူမကို အင်စတာဂရမ်တွင် ပို့စ်တင် ဂုဏ်ပြုခဲ့

✅  “ ခရစ်စတီးဟာ ကျွန်တော်အတွက် အထူးဆက်ဆံရေးအကောင်းဆုံးရရှိခဲ့တဲ့သူတစ်ဦးပါ။ မင်းကို ငါချစ်တယ် ခရစ်စတီ။ ငါတို့နှစ်ယောက်ပြန်ဆုံကြမယ်လို့ ငါသိထားပါတယ်” ဟု သူက ရေးသားခဲ့

Source: AP

#Kirstie_Alley

#Kirstie_Alley_died
#A-two-time_Emmy_winner

1000 5