#World_Health
Published 6 December 2022

 

အသည်းအင်္ဂါကျန်းမာသန်စွမ်းစေရန် အဆီအချို့လိုအပ်ပေမယ့် ဘယ်အရာပဲဖြစ်ဖြစ် လွန်ကဲရင်တော့ ဆိုးကျိုးရှိလာနိုင်ပါတယ်။

 

အသည်းမှာ အဆီဖုံးလာပြီးတော့ စတင်အန္တရာယ်ပြုလာကာ သေချာမကုသရင် အသည်းကင်ဆာ၊ အသည်းရောဂါတို့ ဖြစ်လာနိုင်ပါတယ်။

 

အရက်ကြောင့်မဟုတ်ဘဲနဲ့ ဆီးချို၊ အဝလွန်ခြင်း၊ ကျန်းမာရေးမညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံတို့ကြောင့် အသည်းအဆီဖုံးခြင်းဖြစ်နိုင်ပြီး အဓိကအကြောင်းအရင်းကတော့ အရက်အလွန်အကျွံသောက်ခြင်းကြောင့် ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။

 

အသည်းအဆီဖုံးခြင်းကို သက်သာစေတဲ့နည်းလမ်းတွေထဲမှာ အသီးအနှံ၊ အရွက်၊ အမျှင်ဓာတ်စတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာများ စားပေးရပါတယ်။

 

(၁) ဂရိတ်ဖရုသီး

 

ဂရိတ်ဖရုမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗိုက်တာမင်-စီတို့ ပါဝင်ပြီး အဆိပ်အတောက်များကို ဖယ်ရှားပေးကာ အသည်းအဆီဖုံးခြင်းကြောင့် အသည်းထိခိုက်ပျက်စီးခြင်းကို ပြန်လည်သက်သာစေပါတယ်။

 

(၂) ဘလူးဘယ်ရီသီး

 

ဘလူးဘယ်ရီဟာလည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ကာ အသည်းအဆီဖုံးခြင်းလို ရောဂါတွေမှာ အကူအညီပေးနိုင်တာကြောင့် ပုံမှန်စားသုံးသင့်ပါတယ်။

 

(၃) ငှက်ပျောသီး

 

အသည်းအဆီဖုံးခြင်းရှိတဲ့ လူတွေအတွက် ကျန်းမာရေးနဲ့အညီညွတ်ဆုံးအစားအစာတစ်မျိုးက ငှက်ပျောသီးဖြစ်ပါတယ်။

 

(၄) ခရန်ဘယ်ရီသီး

 

ဘယ်ရီသီးအချဉ်တစ်မျိုးဖြစ်တဲ့ ခရန်ဘယ်ရီသီးမှာ ဗိုက်တာမင်ဘီ၆, ဗိုက်တာမင်စီနဲ့အေတို့ ပါဝင်တာကြောင့် အသည်းကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။

 

(၅) စပျစ်သီး

 

စပျစ်သီးမှာပါဝင်တဲ့ ရက်စ်ဗယ်ရာထရိုလ်ဟာ အသည်းကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။

 

(၆) သံပယိုနဲ့သံပရာသီးများ

 

အချဉ်ဓာတ်ကြွယ်ဝတဲ့အပြင် ပိုတက်ဆီယမ်၊ ဗိုက်တာမင်-စီ၊ ဘိုင်အိုဖလေဗိုနွိုက်တို့ ပါဝင်တာကြောင့် ရောင်ရမ်းခြင်းနဲ့ အဆိပ်အတောက်ဖြစ်ခြင်းတို့ကို လျှော့ချပေးပါတယ်။

 

Source: msn
#Yangon_Media_Group