Published 4 Dec 2022

အိုင်ယာလန်နိုင်ငံ အမျိုးသား ရထားလမ်းကွန်ယက်ဌာနမှ အိုင်းရစ်လူမျိုး ဘဏ္ဍာရေးမန်နေဂျာတစ်ဦးက သူအနေနှင့် တစ်နေ့လုံး နေ့လယ်စာစားပြီး သတင်းစာတွေဖတ်တာကလွဲလို့ ဘာမှလုပ်စရာမလိုဘဲ တစ်နှစ်ကို လစာ ဒေါ်လာ တစ်သိန်းသုံးသောင်းခန့်ရရှိနေတဲ့အတွက် သူ့ရဲ့ အလုပ်ရှင်ကို တရားစွဲလိုက်ပါတယ်။

ဘာမှလုပ်စရာမလိုဘဲ လစာရနေတယ်ဆိုရင် လူအများစုက ဒါကို တိုင်တန်းကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် အိုင်းရစ် ရထားဌာနက ဝန်ထမ်း ဒါမောာ့အက်လာစတဲယားမေးလ်ကတော့ တစ်မျိုးပါ။ သူက ဒါဟာ သူ့ကို ခွဲခြားဆက်ဆံတဲ့ သဘောဖြစ်တယ်လို့ သက်ဆိုင်ရာ အလုပ်သမားကော်မရှင်ကနေတစ်ဆင့် တိုင်တန်းလိုက်တာပါ။

သူဟာ ၂၀၁၄ခုနှစ်က  ကုမ္ပဏီရဲ့ ငွေစာရင်းကိစ္စတွေ အများသိအောင် ဖွင့်ထုတ်ပြောဆိုပြီးနောက်ပိုင်းမှာ သူ့ရဲ့ အလုပ် တာဝန်တွေ ဖြည်းဖြည်းချင်း လျှော့ချခံလာရတယ်လို့ ဘဏ္ဍာရေးမန်နေဂျာဖြစ်တဲ့သူက ပြောပါတယ်။

အခုဆိုရင် သူ့မှာ ရုံးအလုပ်ဘာတစ်ခုမှလုပ်စရာမလိုတော့ဘဲ သူ့ရဲ့တစ်နေ့တာအချိန်အများစုကို နေ့လယ်စာစားတာ နှင့် သတင်းစာဖတ်တာတွေနှင့်ပဲ အချိန်ကုန်စေရတော့တယ်လို့ သူကညည်းညူပါတယ်။

“ ကျွန်တော် သတင်းစာနှစ်စောင် နေ့တိုင်းဝယ်တယ်။ သည်တိုင်းနှင့် အင်ဒီပင်းဒင့် သတင်းစာနှစ်စောင်ပါ။ ပြီးတော့ အသားညှပ်ပေါင်မုန့် ဝယ်တယ်။ကျွန်တော့် အလုပ်စားပွဲရောက်ရင် ကွန်ပျူတာဖွင့်တယ်။ အီးမေလ်ကြည့်တယ်။အလုပ်နှင့်ပတ်သက်တဲ့ အီးမေးလ်တစ်စောင်မှမလာဘူး။ ဘာမက်ဆေချ်မှမလာဘူး။ ဘယ်သူမှ မဆက်သွယ်ဘူး။ ဘယ်လုပ်ဖော်ကိုင်ဖက်မှ လာစကားမပြောဘူး” လို့ မေးလ်က အိုင်ယာလန်ရဲ့ လုပ်ငန်းခွင်ဆက်ဆံရေး ကော်မရှင်ကို ပြောပါတယ်။

“ ကျွန်တော်တစ်နေ့လုံးထိုင်နေရပြီး သတင်းစာတွေ ထိုင်ဖတ်ရတယ်။အသားညှပ်ပေါင်မုန့်စားရတယ်။ ပြန်ဖြေဖို့လိုတဲ့ အီးမေးလ်ရှိရင် ပြန်ဖြေတယ်။ အလုပ်နှင့်ဆိုင်ရင် လုပ်ပေးတယ်။ ဒါပေမယ့် အလုပ်နှင့်ဆိုင်တာက တစ်ပတ်မှာ တစ်ခု လောက်ပဲမို့ စိတ်လှုပ်ရှားရတယ်” လို့ သူကပြောပါတယ်။

သူဟာ ၂၀၀၀ပြည့်နှစ်ကနေ ဘဏ္ဍာရေးပြိုလဲမှုဖြစ်တဲ့ ၂၀၀၇ခုနှစ်အထိ တန်ဖိုး ဒေါ်လာ ၂၆၁သန်းခန့်ရှိတဲ့ အရင်းအနှီး ဘတ်ဂျက်ကိစ္စလုပ်ပေးရတယ်လို့ သူကပြောပါတယ်။ အဲဒီနောက်သူဟာ ၂၀၁၀ မှာ ရာထူးတိုးခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၃ ခုနှစ်က စပြီး သူဟာအနိုင်ကျင့်ခံရတယ်။ ဖျားနာခွင့် (၃)လ အတင်းအကျပ်ယူခိုင်းတယ်။ အဲဒါတွေကလွဲလို့ အခုထက်ထိ လစာကပုံမှန်ရနေတာဖြစ်ပါတယ်။

သူခွင့်ကပြန်လာတဲ့အခါ မြီစားတွေနှင့် ပတ်သက်တဲ့ ပြဿနာရှိနေတာသတိပြုမိပြီးနောက် သယ်ယူပို့ဆောင်ရေးဝန်ကြီးထံ အခြေအနေတွေဖွင့်မချခင် သူဟာ အိုင်းရစ် ရထားဌာန အကြီးအကဲထံ ၂၀၁၄ခုနှစ်မတ်လမှာ စေတနာအရင်းခံနှင့် အစီရင်ခံစာတစ်ခုရေးတင်လိုက်ပါတယ်။ အဲဒီကစပြီး သူဟာ လုပ်ငန်းတာဝန်တွေ ဖြတ်တောက်ခံရတာဖြစ်ပါတယ်။

သူဟာ သူ့ကိုယ်သူ အထီးကျန်အောင်လုပ်တာခံရတယ်လို့ ခံစားနေရတယ်။ သူဟာကုမ္ပဏီရဲ့ အစည်းအဝေးတွေ လည်းမတက်ရတော့တဲ့အပြင်  သင်တန်းတက်ခွင့်လည်းမရတော့ဘူးလို့ မေးလ်ကပြောပါတယ်။

ဒီလိုထူးခြားပြီးပုံမှမဟုတ်တဲ့ တိုင်တန်းမှုကို လာမယ့်နှစ်ဆန်းပိုင်းမှာ ဆက်လက်ကြားနာပေးဦးမှာဖြစ်ပါတယ်။

Source:

#Dermot_Alastair_Mills

#Irish_Employee_Sues_Boss_for_getting_Pay_doing_nothing

#Odd_News