Published 4 December 2022

ဂျိုနက်သန်သည် ဆေချဲလ်လို့ ခေါ်တဲ့ လိပ်ကြီးဟာ နပိုလီယံသေဆုံးပြီးသိပ်မကြာခင်မှာ မွေးဖွားခဲ့တာပါ။ အခုသူဟာ ဂြိုဟ်ကြီးပေါ်မှာ အသက်အရှည်ဆုံး သက်ရှိကုန်းသတ္တဝါတစ်ကောင်ဖြစ်လာခဲ့ပါပြီ။ သူဟာ အခု သူ့ရဲ့ အသက် ၁၉၀ပြည့် မွေးနေ့ကို ဆင်ယင်ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။

သူဟာ ၁၈၂၁ခုနှစ်တုန်းက စစ်ရှုံးခဲ့တဲ့ ပြင်သစ်ဧကရာဇ် ပြည်ပြေးဘဝနှင့် နေရင်း သေဆုံးခဲ့ရတဲ့ တောင်အတ္တလန်တစ်က စိန့်ဟယ်လီနာမှာ လိပ်ကြီးရဲ့ ၁၉၀နှစ်ပြည့် မွေးနေ့ကို ကျင်းပနိုင်တာပါ။

ဂျိုနက်သန်ကို ၁၈၃၂ခုနှစ်ခန့်မှာ ဥပေါက်လာခဲ့တယ်လို့ ယုံကြည်ရပြီး ဆေးချဲလ်ကနေ နောင်နှစ်၅၀အကြာမှာ နိုင်ငံရပ်ခြား  ယူကေကို ရွှေ့ပြောင်းသယ်ယူခဲ့ပါတယ်။

သူဟာ စိန့်ဟယ်လီနာ အုပ်ချုပ်ရေးမှူးအိမ်တော်ဖြစ်တဲ့ ပလန်တေးရှင်းဟောက်စ်မှာ သက်သောင့်သက်သာ အနားယူခဲ့ပါတယ်။ အဲဒီမှာ သူဟာ အဲဒီမှာ ရက်သတ္တတစ်ပတ်လုံးမွေးနေ့ကျင်းပမှာဖြစ်ပြီး အဲဒီအထဲမှာ မွေးနေ့အထိမ်းအမှတ် တံဆိပ်ခေါင်းထုတ်တာလည်းပါဝင်ပါတယ်။

Source: AFP

#Jonathan_the_Seychelles_Giant_Tortoise

#Oldest_known_living_land_animal

#Jonathan_Giant_Tortoise_ 190th_birthday