#World_Health
Published 4 December 2022

 

ကိုဗစ်ကပ်ရောဂါကြောင့် ဖြစ်လာရတဲ့ စိတ်ဖိစီးမှုတွေကနေ ဆယ်ကကျော်သက်လူငယ်တွေရဲ့ ဦးနှောက်ရုပ်ပိုင်းဆိုင်ရာဟာ ပြောင်းလဲလာကြောင်း စတန်းဖို့ဒ်တက္ကသိုလ်မှ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
ကပ်ရောဂါက လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေတယ်လို့ သိထားကြပေမယ့် ဦးနှောက်ကို ရုပ်ပိုင်းဆိုင်ရာအရပါ ထိခိုက်တယ်ဆိုတာကိုတော့ မသိခဲ့ကြပါဘူး။

 

ကလေး ၁၆၃ ယောက်ကို ကပ်ရောဂါမတိုင်ခင်နဲ့ ကပ်ရောဂါကာလအတွင်း MRI scan ရိုက်ခဲ့ရာ ဦးနှောက်က လျင်မြန်စွာဖွံ့ဖြိုးရင့်ကျက်လာကြောင်းကို ဖော်ပြခဲ့ကြပါတယ်။

 

ဒါဟာ အချိန်ကြာမြင့်စွာ ဘေးအန္တရာယ်ဆိုး ကြုံတွေ့ရတာကြောင့်ဖြစ်တယ်လို့ စိတ်ကျန်းမာရေးပရော်ဖက်ဆာက ပြောကြားခဲ့ပါတယ်။

 

ဘေးအန္တရာယ်ဆိုးကြုံတွေ့ရခြင်းက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ဆက်စပ်နေတယ်ဆိုပေမယ့် ဦးနှောက်ပြောင်းလဲလာခြင်းက စိတ်ကျန်းမာရေးနဲ့ ဆက်စပ်နေလားဆိုတာကိုတော့ မသိရသေးပါဘူး။
ဒါ့အပြင် ကပ်ရောဂါဟာ ဆယ်ကျော်သက်တွေရဲ့ ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်ရုံမက ဦးနှောက်ထဲရှိ အစိတ်အပိုင်းများပါ ပြောင်းလဲသွားကြပါတယ်။

 

လူတိုင်းက ရောဂါဆိုးကြီးကြောင့် နေ့စဉ်လှုပ်ရှားသွားလာမှုတွေမှာ အနှောင့်အယှက်ဖြစ်ရတာမျိုး ကြုံနေရကာ အခု ၁၆ ၊ ၁၇ နှစ်အရွယ်တွေရဲ့ ဦးနှောက်ကို အရင်နှစ်တွေက အခြေအနေနဲ့ နှိုင်းယှဉ်လို့မရတော့ပါဘူးလို့ သုတေသီများက ဆိုပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group