Published 2 December 2022

ဂျပန်ဟာ ကမ္ဘာ့ဖလားပွဲ ယှဉ်ပြိုင်ရာမှာ ရဲစွမ်းသတ္တိကိုပြသခဲ့လိုက်ပြီလို့  ဂျပန်ကို နောက်ဆုံး ၁၆သင်းထဲ ပါသွားစေတဲ့  ဆာမူရိုင်းအပြာတွေက စပိန်ကို အနိုင်ပွဲကစားသွားပြီးနောက် ခံစစ်ကစားသမား ယူတိုနာဂါတိုမိုက ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။

ဂျပန်ဟာ အုပ်စု E မှာ ပထမရရှိလိုက်တဲ့အတွက် ဂျာမနီနှင့် စပိန်တို့ စိတ်ပျက်ဝမ်းနည်းစရာတွေဖြစ်ခဲ့ရတာပါ။  ဂျပန်ဟာ အဲဒီနှစ်သင်းစလုံးကို အနိုင်ယူပြီး အုပ်စုဗိုလ်ဖြစ်ခဲ့တာပါ။

ဟာဂျီမီ မိုရီယာဆူရဲ့ အသင်းဟာ အခုဆို နောက်ဆုံး၁၆သင်းထဲမှာ ခရိုအေးရှားနှင့် တွေ့ဆုံရမှာဖြစ်ပြီး နာဂါတိုမိုက ခရိုအေးရှားကို ၂၀၁၈ခုနှစ် တုန်းကလို အံအားတသင့် အနိုင်ရရှိလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဂျပန်ဟာ နာမည်ကြီးအသင်း ဂျာမနီကို အနိုင်ရပြီးဣာက် စပိန်ကိုလည်း ၂ ဂိုး  ၁ဂိုးဖြင့် အနိုင်ရပြီး ဒုတိယအဆင့် ၁၆ သင်းထဲ တက်လှမ်းသွားတာဖြစ်ပါတယ်။

ဂျပန်အသင်း ဆက်တိုက်အနိုင်ရရှိခဲ့တဲ့အပေါ် တိုကျိုဒေသခံတွေက အလွန်ပျော်ရွှင်ဂုဏ်ယူနေကြပါတယ်။ 

“  ပွဲက အတော်ကြပ်မယ်လို့ ကျွန်တော်ထင်ခဲ့တယ်။ ပွဲစတာ ဂျပန်မှာ မနက်လေးနာရီအချိန်ကြီး။ အဲဒါကြောင့် အိမ်မှာပဲကြည့်ရတယ်။ အခု ကျွန်တော်တို့ လုပ်နိုင်ခဲ့ကြပြီ။သိပ်ပျော်တာပဲဗျာ” လို့ည စပိန်ကို အနိုင်ရပြီးနောက် တိုကျိုမြို့တော်မှာ အောင်ပွဲခံကြတုန်း ဘောလုံးပရိဿတ် မူနီဟီရို ဟာရှီမိုတိုကပြောပါတယ်။

“ဂျပန် ဟာ ဂျာမနီနှင့် စပိန်ကိုအနိုင်ရခဲ့တယ်။ ကော့စတာရီကာကို ရှုံးခဲ့ပေမယ့် နှစ်သင်းစလုံးက အဆင့်မြင့်တယ်လေ။  ရှုံးထွက်ပွဲတွေမှာလည်း ဒီလိုပဲ အဆင့်မြင့်အသင်းကြီးတွေကို အနိုင်ရဦးမယ်လို့ ကျွန်တော့်ကို ယုံကြည်မှုတွေဖြစ်စေတယ်” လို့ သူကဆက်ပြောပါတယ်။

သူတို့အခက်အခဲနှင့်ကြုံခဲ့ပေမယ့် အဆုံးမှာ ဆာမူရိုင်းစိတ်ဓာတ်ကိုပြသနိုင်ခဲ့တယ်လို့ထင်ပါတယ်လို့ ပရိသတ် မာဆာကီ ဟီဂူချီကလည်းပြောပါတယ်။

လူရွှင်တော်တစ်ဦးဖြစ်တဲ့ ဂျွန်ညာ နီတိုက “ အလွန်တော်ကြတယ်။ဒီကနေ့က အံအားသင့်စရာနေ့ပဲ။ ကျွန်တော် ဂျံန်ညာ အီတိုကိုအတုခိုးထားတာ။သူ့ဂိုးသွင်းတာတွေ့ချင်တယ်။ ရှုံးထွက်ပွဲတွေစောင့်ကြည့်ရမယ်။ ဂျပန်အသင်းက ပိုပိုကောင်းလာတယ်။ အသင်းမှာရှိတဲ့အဆင့်အားလုံးကောင်းလို့ ဒီလိုနိုင်တာပါ”လို့ပြောပါတယ်။

Source : AFP

>

#Japan_Celebrates_World_Cup_Guts

#Japan_beat_Spain

#Tokyo_fans _Celebrate_Japan+Soccer