#World_Health
Published 3 December 2022

တစ်ညကို အချိန် ၂ နာရီကျော်လောက် တီဗီကြည့်လေ့ရှိတဲ့ ကလေးတွေဟာ အရွယ်ရောက်လာတဲ့အခါ လောင်းကစား၊ စီးကရက်၊ ဆေးခြောက်၊ အရက်သေစာတို့ကို စွဲလမ်းနိုင်ချေများပါတယ်။

 

ကလေးအရွယ်ကနေ အသက် ၄၅ နှစ်ကျော်အရွယ်ရောက်သည်အထိ လူတစ်ထောင်ခန့်ကို နယူးဇီလန်မှ သုတေသီများ လေ့လာခဲ့ကြပါတယ်။

 

လေ့လာချက်များအရ ညစဉ်တီဗီကို ၂ နာရီကျော်အောင် ကြည့်တတ်တဲ့ အသက် ၅ နှစ်မှ ၁၅ နှစ်ကြားကလေးတွေဟာ အရွယ်ရောက်တဲ့အခါ လောင်းကစားစွဲလမ်းနိုင်ချေ ၂၉ ရာခိုင်နှုန်းပိုများကြောင်း တွေ့ရှိရပါတယ်။

 

ဒါ့အပြင် တီဗီအကြည့်နည်းတဲ့ ကလေးတွေထက်စာရင် ဆေးခြောက်ပစ္စည်းများ၊ အရက်သေစာတို့ကို စွဲလမ်းနိုင်ချေလည်း ၂၀ ရာခိုင်နှုန်းပိုများပါတယ်။

 

ရလဒ်တွေက ထင်ရှားပေမယ့် တီ‌ဗီကြည့်ခြင်းက ဘဝမှာ နေထိုင်မှုပြဿနာတွေ ဖြစ်လာနိုင်စေတယ်ဆိုတာ အတိအကျ သက်သေမပြနိုင်သေးပါဘူး။

 

မျိုးရိုး၊ အုပ်ထိန်းသူလွှမ်းမိုးမှု၊ လူမှုအားပေးမှုမရခြင်းတို့ကလည်း ပတ်သက်နေပါသေးတယ်။

 

အမေရိကန်ကလေးကျန်းမာ‌ေရးအကယ်ဒမီက ကလေးများအနေနဲ့ တစ်ညကို တီ‌ဗီ ၂ နာရီထက်ကြာအောင် မကြည့်ဖို့ အကြံပြုထားပါတယ်။

 

ပါဝင်စမ်းသပ်သူ ၁,၀၀၀ မှာ ၃၇၂ ယောက်က အရွယ်ရောက်တဲ့အခါ အရက်စွဲလမ်းခြင်း ဖြစ်ပေါ်ခဲ့ပြီး ၃၆၉ ယောက်ကတော့ ဆေးလိပ်နဲ့ ၁၉၀ ကတော့ ဆေးခြောက်စွဲလမ်းခဲ့ကြပါတယ်။

 

စစ်တမ်းအရ စွဲလမ်းခြင်းဖြစ်ပေါ်တဲ့လူတွေမှာ သုံးစွဲမှုကိုထိန်းချုပ်ရခက်ခြင်း၊ မှီခိုရခြင်း၊ လူမှုရေးပြဿနာများရှိခြင်းတို့ ရှိသလားဆိုတာကို မေးမြန်းခဲ့ကြပါတယ်။

 

အယောက် ၁၅၀ ကတော့ လောင်းကစားစွဲလမ်းမှု ပြဿနာကြုံတွေ့ကြရပါတယ်။

 

အချိန်ကြာမြင့်စွာ လောင်းကစားလုပ်လာတဲ့သူတွေဟာ ပိုက်ဆံပိုရဖို့ လောင်းကစားလုပ်ကြသလို လောင်းကစားဖြတ်ဖို့ကြိုးစားတဲ့အခါမှာလည်း ဂနာမငြိမ်ကြတော့ပါဘူး။

 

ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ စိတ်အပန်းဖြေဖို့အတွက် တီဗီကြည့်ချိန်ကို သင့်တင့်မျှတရုံကြည့်သင့်ကြောင်း အမေရိကန်ကလေးကျန်းမာရေးအဖွဲ့အစည်းက အကြံပြုလိုက်ပါတယ်။

 

တီဗီအကြည့်များခြင်းဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အဝလွန်ခြင်း၊ နောက်ပိုင်းကျန်းမာရေးပြဿနာအမျိုးမျိုး ဖြစ်လာနိုင်ချေများပါတယ်။

 

Source: Daily Mail
#Yangon_Media_Group