Published 30 Nov 2022

ရုရှားလေတပ်နှင့် တရုတ်လေတပ်တို့ဟာ အာရှပစိဖိတ်မှာ ပူးတွဲ လေ့ကျင့်ပျံသန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီပူးတွဲ လေ့ကျင့်မှုတွေကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ (၃၀)ရက်မှာ ထုတ်ပြန်ခဲ့ ပါတယ်။ “ ရုရှား လေတပ်ရဲ့ Tu-95ms မဟာဗျူဟာမြောက် ဒုံးကျည်တင် လေယာဉ်တွေနှင့် တရုတ်လွတ်မြောက်ရေး  တပ်မတော်ရဲ့ Xian-6k အပါအဝင် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေပါဝင်တဲ့ လေယာဉ်အုပ်စုဟာ ဂျပန်နှင့် အရှေ့ တရုတ်ပင်လယ်အပေါ်ကနေ ကင်းထောက်ပျံသန်းမှုတွေပြုလုပ်ခဲ့ကြတယ်”လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

Source: AFP

#Joint_air_patrols_Strategic_Planes

#Russia_China_Joint_Air_Patrols

#Asia_Pacific_Politics