#World_Health
Published 1 December 2022

 

မြောက်ကာရိုလိုင်းနားမှ အသက် ၃၀ အရွယ်ရှိ 'အီသန်ဘရက်ရှော'ဟာ ရင်ဘတ်အောင့်ပြီး နှလုံးဖောက်ခြင်းဝေဒနာခံစားခဲ့ရတာကြောင့် ဆေးရုံတက်လိုက်ရပါတယ်။

 

ဆေးရုံမှဆင်းပြီးနောက် ကုသပေးခဲ့တဲ့ ဆရာဝန်တွေ၊ ဆေးဝန်ထမ်းတွေ၊ မိသားစုတွေကို အမြဲကျေးဇူးတင်စိတ်ထားခဲ့ရာ နှလုံးရောဂါအခြေအနေတိုးတက်လာပြီး နှလုံးဖောက်နိုင်ချေနည်းပါးလာတယ်လို့ ခံစားလာရပါတယ်။

 

ကျေးဇူးတင်ခြင်းနဲ့ ရောဂါဖြစ်ပွားနိုင်ချေတို့ကြား လက်တွေ့သက်ရောက်မှုရှိတယ်ဆိုတာကို သုတေသီတွေ အသေအချာသက်သေမပြနိုင်ပေမယ့် လေ့လာချက်တွေအရတော့ အကျိုးကျေးဇူးများစွာ ရှိနေပါတယ်။

 

- နှလုံးခုန်နှုန်းလျှော့ချပေးခြင်း

 

- သွေးပေါင်ချိန်ကျစေခြင်း

 

- ဝေဒနာအလျင်အမြန်သက်သာစေခြင်း

 

- အသက်ရှူနှုန်းထိန်းညှိပေးခြင်း

 

- ကိုယ်ခံအားမြှင့်တင်ခြင်း

 

- မှတ်ဉာဏ်တိုးတက်စေခြင်း

 

- စိတ်အခြေအနေ တိုးတက်စေခြင်း

 

- အိပ်ပျော်စေခြင်း

 

- နာတာရှည်ကိုက်ခဲခြင်းကို လျော့ကျစေခြင်း

 

- ရောင်ရမ်းမှုကိုလျှော့ချပေးခြင်း

 

ကျေးဇူးသိစိတ်ရှိတဲ့အခါ ဦးနှောက်ထဲမှာ ပျော်ရွှင်ခြင်းဟော်မုန်းများ ထွက်ပေါ်လာကာ နေထိုင်မှုဘဝပိုမိုကောင်းမွန်လာပြီး ရောဂါများကိုကာကွယ်ပေးနိုင်ပါတယ်။

 

(၁) နှလုံးရောဂါကာကွယ်ပေးခြင်း

 

ကျေးဇူးတင်တတ်တဲ့သူတွေမှာ နှလုံးကျန်းမာရေးတိုးတက်စေပြီး နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။

 

(၂) ဆီးချိုရောဂါကာကွယ်ပေးခြင်း

 

ကျေးဇူတင်တတ်သူတွေဟာ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ကျန်းမာရေးညီညွတ်မျှတဲ့ အစားအစာစားသုံးခြင်းတို့ ပိုမိုပြုလုပ်လာကြကာ ဆီးချိုဖြစ်နိုင်ချေများတဲ့ အလေ့အထတွေကို ရှောင်ရှားတတ်ကြပါတယ်။

 

(၃) ကင်ဆာကာကွယ်ပေးခြင်း

 

ကင်ဆာအမျိုးအစားအများစုဟာ ရောင်ရမ်းခြင်းကြောင့် ဖြစ်ရတာဖြစ်ပြီး ကျေးဇူးတင်တတ်တဲ့သူတွေမှာ ရောင်ရမ်းခြင်းကိုလျှော့ချနိုင်တာကြောင့် ကင်ဆာကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။

 

(၄) တုပ်ကွေးကာကွယ်ပေးခြင်း

 

ကျေးဇူးတင်တတ်ခြင်းဖြင့် ကိုယ်ခံအားစနစ်နဲ့ စိတ်အခြေအနေတို့ကို တိုးတက်စေကာ ရာသီအလိုက်ဖြစ်တတ်တဲ့ ဗိုင်းရပ်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

 

(၅) မှတ်ဉာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးနိုင်ဖွယ်ရှိ

 

ကျေးဇူးတင်တတ်ခြင်းဟာ ဦးနှောက်နဲ့ အာရုံကြော်လုပ်ဆောင်မှုများကို တိုးတက်စေကာ အာရုံကြောချိတ်ဆက်မှုများ၊ အသိဉာဏ်များ၊ စိတ်ခံစားမှုထိန်းချုပ်မှုများကို တိုးတက်စေနိုင်ပါတယ်။

 

(၆) အိပ်မပျော်ခြင်းကို ကာကွယ်ပေးခြင်း

 

ကျေးဇူးတင်တတ်သူတွေက စိုးရိမ်ကြောင့်ကြစိတ်တွေ၊ ပူပန်စိတ်တွေမရှိတာကြောင့် ညဘက်အိပ်တဲ့အခါ ကောင်းစွာအိပ်ပျော်စေပါတယ်။

 

Source: The Healthy
#Yangon_Media_Group