Published 28 November 2022

ဆူကီယာကီနာဘေး လို့ သိကြတဲ့ ဂျပန်စတိုင် ဟော့ပေါ့ပွဲတော်ကို နိုဝင်ဘာ ၂၇ ရက်က တိုကျိုမှာ ကျင်းပခဲ့ရာမှာ အစား အသောက် သဘောကျသူတွေနှင့် ခရီးသွားတွေအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။

အဲဒီပွဲတော်ကို တိုကျိုမြို့လယ်ရှိ ပန်းခြံတစ်ခုအတွင်းမှာကျင်းပခဲ့တာဖြစ်ပြီး ဟော့ပေါ့စားသောက်ဆိုင်တွေဟာ သူတို့ရဲ့ အကောင်းဆုံး ဟင်းလျာတွေကို တည်ခင်းခဲ့ကြပါတယ်။

ဟော့ပေါ့ပွဲတော်မှာ ဟင်းတစ်ပွဲကို အမေရိကန်ဒေါ်လာ ၅.၅ မှ ၁၁ ဒေါ်လာအထိ ဈေးနှုန်းရှိပြီး နာမည်ကြီး စားသောက်ဆိုင်တွေဟာ တစ်ရက်ကို ပွဲပေါင်း နှစ်ထောင်ကျော်ရောင်းချကြရပါတယ်။

ဒါပေမယ့် လတ်တလောမှာ ပင်လယ်စာနှင့် အမဲသားတွေလိုမျိုး ဟော့ပေါ့ထဲထည့်ရတဲ့ အမယ်တွေရဲ ဈေးတွေက တက်နေလို့ ဟောပေါ့ရဲ့ဈေးနှုန်းတွေလည်း တက်သွားပါတယ်။

ဂျပန်ဒေသခံတွေဟာ အစားအသောက်ဈေးတွေတက်နေလို့ သောကတွေပွားနေကြပါတယ်။ ယခုအထိ ဂျပန်နိုင်ငံရဲ့ အကြီးဆုံးစားသောက်ဆိုင်တွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ဈေးတွေတက်ကုန်ကြပါတယ်။အဲဒီထဲက ၂၀ရာခိုင်နှုန်းဆိုရင် နှစ်ခါ တောင်ဈေးတက်ခဲ့တာပါ။ ဂျပန်မိသားစုတွေဟာ တစ်နှစ်ကို ယန်းခုနှစ်သောင်း ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ၅၀၀ခန့် ကို အစားအစာအတွက် ပိုသုံးနေကြရပါတယ်။

Source CCTV+

#Sukiyaki_nabe

#Japan_Hotpot_Festival

#Japan_Food_Prices_Rise