#World_Health
Published 28 November 2022

 

တစ်နေ့ကို ရေ ၈ ခွက်သောက်ဖို့ လိုအပ်တယ်ဆိုတဲ့အကြံပြုချက်က များလွန်းတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

 

ခန္ဓာကိုယ်ထဲကို ရောက်ရှိတဲ့ ရေပမာဏရဲ့တဝက်လောက်က အစားအစာမှရရှိပြီး တစ်နေ့ကို ရေ ၂ လီတာအစား ၁.၃ မှ ၁.၈ လီတာအတွင်းသာ လိုအပ်တယ်လို့ ခန့်မှန်းလိုက်ကြပါတယ်။

 

ကမ္ဘာတဝှမ်းကသိပ္ပံပညာရှင်တွေက သီးခြားနည်းပညာကိုအသုံးပြုပြီး ရေလိုအပ်ချက်တိုင်းတာဖို့ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။

 

နိုင်ငံပေါင်း ၂၃ နိုင်ငံမှ အသက် ၈ ရက်မှ ၉၆ နှစ်ကြားရှိ လူပေါင်း ၅,၆၀၄ ယောက်ကို စမ်းသပ်ခဲ့ကြပါတယ်။

 

လူ့ခန္ဓာကိုယ်ထဲက သဘာဝအတိုင်း အန္တရာယ်မရှိတဲ့ ဒူတီရီယမ်ဒြပ်စင်ကြွယ်ဝတဲ့ရေတွေကို သောက်သုံးခိုင်းခဲ့ပါတယ်။

 

ခန္ဓာကိုယ်ထဲမှာ ရေက ဘယ်လောက်မြန်မြန်လည်ပတ်သလဲဆိုတာကို သိရဖို့ ဒူတီရီယမ်ပျောက်ကွယ်သွားတဲ့နှုန်းကို တိုင်းတာခဲ့ကြပါတယ်။

 

ပူနွေးစိုစွတ်နေရာတွေမှာ နေတဲ့သူတွေ၊ အမြင့်ဒေသတွေမှာ နေတဲ့သူတွေ၊ အားကစားသမားတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေဟာ ရေလည်ပတ်မှုမြန်တာကြောင့် ရေပိုပြီးလိုအပ်ပါတယ်။

 

ရေလည်ပတ်ရောက်ရှိမှုက ရေသောက်ရန်လိုအပ်ချက်နဲ့ မတူညီကြောင်း အဘာဒင်းတက္ကသိုလ်မှ ပရော်ဖက်ဆာ'ဂျွန်စပိခ်မန်း'က ဆိုပါတယ်။

 

တစ်နေ့ကိုလိုအပ်တဲ့ရေပမာဏက ၃.၆ လီတာဖြစ်ပြီး ရေပမာဏအတော်များများက စားသောက်ရာကနေ ရရှိကြပါတယ်။

 

တစ်နေ့ကို ရေ ၈ ခွက်သောက်ခြင်းဟာ အန္တရာယ်မရှိပေမယ့် တော်ရုံတန်ရုံနဲ့ လိုအပ်လေ့မရှိပါဘူး။

 

သက်လတ်ပိုင်းအမျိုးသားတစ်ဦးက တစ်နေ့ကို ရေ ၁.၆ မှ ၁.၈ လီတာလိုအပ်ပြီး အမျိုးသမီးကတော့ ၁.၃ မှ ၁.၄ လီတာလိုအပ်ပါတယ်။

 

အသက် ၈၀ ကျော်လာရင်တော့ ၁.၁ လီတာသာ လိုအပ်ပါတော့တယ်။
စားသောက်တဲ့ အစားအစာပေါ်လည်း များစွာမူတည်ပြီး စွပ်ပြုတ်၊ အချိုရည်၊ ဖျော်ရည်၊ ကော်ဖီတို့ သောက်တဲ့လူတွေကတော့ ရေအနည်းငယ်သာ သောက်သုံးဖို့လိုပါတယ်။

 

၁၉၇၃ ခုနှစ် အသက် ၃၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ ကွန်ဖူးမင်းသား'ဘရုစ်လီ'ဟာ ရေအများကြီးသောက်ပြီး သေဆုံးခဲ့ရတယ်လို့ ဆရာဝန်များက ဆိုလာကြပါတယ်။

 

Source: Daily Mail
#Yangon_Media_Group