Published 28 Nov 2022

❇️ K ဒရာမာ ဆယ်လီ ဇနီးမောင်နှံဖြစ်တဲ့ ဆွန်ယဲကျင်နှင့် ဟန်ဘင်းတို့က သူတို့ဟာ သားဦးကလေးရဲ့ မိဘတွေဖြစ်လာပြီလို့ ကြေညာ

❇️ မင်းသမီးဆွန်ယဲကျင်ရဲ့ အေဂျင်စီ MSteam Entertainment က သူတို့နှစ်ဦးဟာ သားကလေးကို  နိုဝင်ဘာ (၂၇)ရက်နေ့ တနင်္ဂနွေနေ့ မနက်မှာ မွေးဖွားခဲ့ပြီလို့ကြေညာခြင်းဖြစ်

❇️ “ ဆွန်ယဲကျင်ဟာ ယနေ့ သားယောကျ်ားလေးမွေးဖွားပါတယ်။ မိခင်ရောကလေးပါ ကျန်းမာရေးကောင်းမွန်ပါတယ်” လို့ ကြေညာချက်မှာဖော်ပြ

❇️ အသက်၄၀ဝန်းကျင်ရှိတဲ့ သူတို့နှစ်ဦးဟာ ဒီနှစ်မတ်လမှာ  သီးသန့် မင်္ဂလာပွဲကလေးတတစ်ခုကျင်းပခဲ့ပြီး မင်းသမီးဆွန်ယဲကျင် ကိုယ်ဝန်ရှိနေတာကိုတော့ ဇွန်လမှာကြေညာခဲ့

❇️ သူတို့ဟာ ၂၀၁၈ ခုနှစ်က The Negotiation ဇာတ်ကားမှာ စတင်တွေ့ဆုံခဲ့ကြ

❇️ Crash Landing On You ဒရာမာစီးရီးမှာ မြောက်ကိုးရီးယားဗိုလ်ကြီး နှင့် အမွေခံ တောင်ကိုးရီးယားသူတို့ရဲ့ ဆွတ်ပျံ့ဖွယ် မေတ္တာဇာတ်လမ်းကြောင့် လူသိအလွန်များပြီးအောင်မြင်ခဲ့

❇️ ၂၀၂၁ ဇန်နဝါရီမှာ အဲဒီဒရာမာစီးရီး ထုတ်လုပ်မှုပြီးဆုံးချိန်မှာ သူတို့ချစ်ကြိုးသွယ်နေတာကို တရားဝင်အသိပေးခဲ့ကြ

Source: CNA/sr