Published 26 Nov 2022

✅အစိုးရသက်တမ်းတစ်ဝက်စမ်းသပ်မှုလို့ မြင်နိုင်တဲ့ စနေနေ့ ဒေသဆိုင်ရာရွေးကောက်ပွဲမှာ အာဏာရပါတီဟာ အကြီးအကျယ်ရှုံးနိမ့် သွားပြီးနောက် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ဟာ ပါတီရဲ့ ဥက္ကဋ္ဌအဖြစ်က နှုတ်ထွက်

✅မြို့တော်တိုင်‌ေဤမှာ သူမရဲ့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(ဒီပီပီ)ဟာ မြို့တော်ဝန်ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရပြီး  ထင်ရှားလူကြိုက်များလာတဲ့ အတိုက်အခံကူမင်တန်(ကေအမ်တီ)ပါတီ မစ္စတာချန်ဝမ်အန်းက အနိုင်ရသွားခဲ့

✅တိုင်ပေမှာ မစ္စတာချန်က အောင်ပွဲခံပြီး တစ်နာရီအကြာမှာ မစ်ဆိုင်က သူမအနေနဲ့ ပါတီရဲ့ စွမ်းဆောင်မှုညံ့ခဲ့တာကို တာဝန်ယူတဲ့အနေနှင့် ပါတီဥက္ကဋ္ဌ အဖြစ်မှ နှုတ်ထွက်ခြင်းဖြစ်

✅ “ကျွန်မတို့ ရလာဒ်ကို ကျိုးနွံစွာလက်ခံပြီး  ထိုင်ဝမ်ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကိုလက်ခံပါတယ်ဂ လို့ သူမက သတင်းစာ ရှင်းလင်းပွဲမှာပြောခဲ့၊ ဝန်ကြီးချုပ် ဆူဆန်ချန်ကလည်း အလားတူနှုတ်ထွက်မယ်ပြောခဲ့ပေမယ့် ဆက်နေပေးဖို့ သူမကမေတ္တာရပ်ခံခဲ့တယ်လို့ ပြော

✅မစ္စတာချန်ဟာ ဒီပီပီကိုယ်စားလှယ်လောင်းဖြစ်တဲ့ ကျန်းမာရေးဝန်ကြီး ချင်ရှင်ချန်းနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်း ဟွမ်ရှန်ရှန်တို့ကို အနိုင်ရခဲ့တာဖြစ်

Source: Straits Times

#Taiwan_President_resign_as_Party_Chairman

#Taiwan_Politics

#Taiwan_Local_Elections