Published 25 November 2022

ဖလော်စီလို့အမည်ပေးထားတဲ့ အသက် ၂၆နှစ်သမီး လန်ဒန်ကြောင်မကြီးဟာ ယခုဆို ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိကြောင်အဖြစ် ဂင်းနက်ကမ္ဘာ့စံချိန်နှင့် ကြောင်များ ကာကွယ်စောင့်ရှောက်ရေးတို့က အသိအမှတ်ပြုခံထားရပါတယ်။ဖလော်စီဟာ ယခုဆို ၂၇နှစ်ပြည့်မွေးနေ့ကျင်းပဖို့ ရက်သတ္တပတ်အနည်းငယ်သာလိုပါတော့တယ်။

အသက်ကြီးရင့်လာတဲ့ ဖလော်စီကို ပိုင်ရှင်က ဆက်လက်မကျွေးမွေးနိုင်တော့လို့ သူမကို ကင့်မှာရှိတဲ့ ကြောင်ကာကွယ်စောင့်ရှောက်ရေးဂေဟာက ခေါ်ယူထားရပါတယ်။ သူမဟာ မသေချာမရေရာတဲ့ အနာဂတ်တစ်ခုနှင့် ရင်ဆိုင်နေခဲ့ရရှာပါတယ်။

အဲဒီနောက် လန်ဒန်မြို့ အော်ပင်တန်မှာနေထိုင်တဲ့ ၂၇နှစ်အရွယ် ဗစ်ကီဂရင်းက သူမကို ခေါ်ယူမွေးစားခဲ့ပါတယ်။ ဗစ်ကီဂရင်းဟာ ကြောင်ကြီးကြောင်အိုတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ အတွေ့အကြုံတွေရှိပြီးသူတစ်ဦးလည်းဖြစ်ပါတယ်။ဗစ်ကီမသိလိုက်နိုင်တာတစ်ခုကတော့ အဲဒီအချိန်တုန်းက သူမဟာ စံချိန်ချိုးထားတဲ့ ကြောင်တစ်ကောင်အတွက် အိမ်ကလေးတစ်အိမ်ပေးလိုက်တယ်ဆိုတာပါ။

Source AFP

#Guinness_World_Record_for_Oldest_Cat

#Flossie_26-years_old_London_cat

#Vicki_Green