#World_Science
Published 25 November 2022

 

Bustard (Otis tarda) လို့ခေါ်တဲ့ ငှက်တွေဟာ ပျံသန်းနိုင်တဲ့ငှက်တွေထဲမှာ အလေးလံဆုံးဖြစ်ပြီး နေမကောင်းတဲ့အခါ သူတို့ဘာသာ အပင်တွေရှာဖွေကာ ကုသနိုင်ပါတယ်။

 

မော်ရိုကိုမြောက်ပိုင်း၊ ဥရောပတောင်ပိုင်းနဲ့ အလယ်ပိုင်းကစလို့ သမပိုင်းအာရှအလယ်ပိုင်းနဲ့ အရှေ့ပိုင်းတို့ရှိ မြက်ခင်းလွင်ပြင်တွေမှာ တွေ့ရပြီး မြေပြင်မှာအသိုက်ဆောက်တတ်တဲ့ ငှက်တွေဖြစ်ပါတယ်။

 

၁၉၉၆ ခုနှစ်နောက်ပိုင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအဖွဲ့က ထိုငှက်များကို မျိုးသုဉ်းပျောက်ကွယ်မည့်အန္တရာယ်ရှိစာရင်းထဲ ထည့်သွင်းထားကာ တစ်ကမ္ဘာလုံးရှိအကောင်ရေရဲ့ ၆၀ ရာခိုင်နှုန်းလောက်က ပေါ်တူဂီနဲ့စပိန်တို့မှာ ရှိနေပါတယ်။

 

သူတို့စားသုံးတဲ့အပင်တွေရဲ့ ဇီဝလှုပ်ရှားမှုများအရ bustard ငှက်တွေဟာ ရောဂါပိုးသေစေနိုင်တဲ့ဒြပ်ပေါင်းပါဝင်တဲ့ အပင် ၂ မျိုးကိုရှာဖွေကြကြောင်း ယူဆနေကြပါတယ်။

 

သူတို့စားသုံးကြတဲ့ corn poppies (Papaver rhoeas)မှာ ဖက်တီးအက်ဆစ်များစွာပါဝင်ပြီး purple viper’s bugloss (Echium plantagineum) မှာတော့ စားသုံးလို့ရတဲ့အဆီဓာတ်များ ပါဝင်ပါတယ်။

သူတို့က လူတွေဆေးဖော်စပ်ရာမှာ အသုံးပြုတဲ့ဆေးပင်တွေကို အသုံးပြုကြကြောင်း၊ အပင်နှစ်မျိုးစလုံးဟာ ပရိုတိုဇိုအာနဲ့ ပိုးသေစေနိုင်တဲ့ အစွမ်းရှိကြကြောင်း ဒေါက်တာ'အာဇူဆီနာဂွန်ဇာလက်ကိုလိုမာ'က ပြောကြားလိုက်ပါတယ်။

 

ငှက်ထီးတွေက လာရောက်တဲ့ငှက်မတွေ မြင်သာကြားသာအောင် သတ်မှတ်ထားတဲ့နေရာတွေမှာ စုဝေးကြပြီး ငှက်ထီးတွေရဲ့ ပုံပန်းသဏ္ဍာန် စွမ်းရည်တွေကိုကြည့်ပြီး ငှက်မတွေက မိတ်ဖက်ရွေးချယ်တာဖြစ်ပါတယ်။

 

အပင်တွေက ငှက်ထီးရောအမအတွက်ပါ အကျိုးရှိပြီး အထူးသဖြင့် မိတ်လိုက်ရာသီမှာ ကူးစက်ရောဂါများမှ ကုသနိုင်သလို ပိုမိုကျန်းမာကာ ဆွဲဆောင်မှုရှိစေကြောင်း 'ဂွန်ဇာလက်ကိုလိုမာ'က ဆိုပါတယ်။

 

"မိတ်လိုက်ရာသီမှာ ငှက်ထီးတွေက ပိုမိုအားအင်ကုန်ခမ်းတာကြောင့် ဒီဆေးပင် ၂ မျိုးကို ရွေးချယ်စားသုံးကြပါတယ်" လို့ 'ဘော်တစ္စတာဆိုပဲလာနာ'က ပြောကြားလိုက်ပါတယ်။

 

corn poppies က ရိုးရာတိုင်းရင်းဆေးတွေမှာ အနာသက်သာခြင်း၊ အိပ်ပျော်စေခြင်း၊ ကိုယ်ခံအားမြှင့်တင်ခြင်းတို့အတွက် အသုံးပြုကြပါတယ်။

 

purple viper’s bugloss ကတော့ လူတွေနဲ့ ကျွဲနွားတွေမှာ အများအပြားစားမိရင် အဆိပ်သင့်စေပါတယ်။

 

bustard ငှက်တွေ သူတို့ဘာသာ ဆေးကုသတယ်ဆိုတဲ့အကြောင်း ထပ်မံလေ့လာဖို့တော့ လိုအပ်ပါသေးတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group