Published 21 Nov 2022

✅ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းတွင် ယနေ့နိုဝင်ဘာ ၂၁ရက်က ပြင်းထန်ပြီးတိမ်သော ငလျင်ကြီးတစ်ခုလှုပ်ရှားသွားရာ အဆောက်အအုံများနှင့် နံရံများပြိုကျပျက်စီး၍ လူပေါင်း ၅၆ ဦး အနည်းဆုံးသေဆုံး၊ ရာပေါင်းများစွာဒဏ်ရာရ

✅ လူတွေက လမ်းတွေပေါ်ပြေးထွက်သဖြင့် ဒဏ်ရာရသေဆုံးကြပြီး အချို့မှာ သွေးများနှင့် အဖြူရောင်အပိုင်းအစများဖြင့် ဖုံးလွှမ်းသွားခဲ့

✅ အဓိကဆေးရုံကြိးတွေရဲ့အပြင်ဖက်၊လှေကားထစ်ပွဲကြည့်စင်တွေနှင့် ကားရပ်နားနေရာတွေမှာ ဒဏ်ရာရရှိသူတွေကို အရေးပေါ်လုပ်သားတွေက ကုသမှုပေးနေကြရ

✅ အတော်များများဟာ ကလေးငယ်တွေဖြစ်ပြီး အဲဒီထဲကအချို့ကို အောက်ဆီဂျင်မျက်နှာဖုံးစွပ်တပ်ဆင်ပေးထားကြရပြီး IV  လိုင်းများတပ်ဆင်ပြီး အသက်ကယ်နေကြရ

✅ ၅.၆ပြင်အားရှိငလျင်ကြီးဟာ  အနက်၆.၂ မိုင်အကွာမှာ အနောက်ဂျာဗားပြည်နယ် ဆီယမ်ဂျာဒေသကို ဒီကနေ့ မွန်းလွဲပိုင်းက လှုပ်ရှားသွားပြီးနောက် ဒေသခံတွေ အချို့မှာ ကလေးတွေကိုချီလျက်နှင့်ပျက်စီးနေတဲ့အိမ်တွေထဲက အပြင်ကိုထွက်ပြေးကြ

✅ အဆိုပါငလျင်ကြောင့် အထပ်မြင့်အဆောက်အအုံတွေ လှုပ်ယမ်းသွားတဲ့ မြိုတော်ဂျာကာတာဒေသတစ်ဝိုက်မှာလည်း လူတွေ ထိတ်ထိတ်ပျာပျာဖြစ်ကုန်

✅ ငလျင်ကြီးလှုပ်ပြီးနောက် ငလျင်ငယ်လေးတွေ အကြိမ် ၂၀ထပ်မံလှုပ်ရှားခဲ့သေးကြောင်း အင်ဒိုနီးရှားနိုင်ငံ မိုးဇလဌာနက သတင်းထုတ်ပြန်

Source: AP

#Strong_Earthquakes_Java_Indonesia

#Cianjur_region_West_Java

#Indonesia_Earthquake