Published 19 Nov 2022

ကာတာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အက်ဒီဒက်စ် Adidas ရဲ့ တရားဝင် နည်းပညာဘောလုံးကို နည်းပညာအသစ်နှင့် ပေါင်းစပ်ပြီး  ပြိုင်ပွဲတွေမှာ အသုံးပြုမှာဖြစ်ပါတယ်။

SAOT လို့ အတိုကောက်ခေါ်ကြတဲ့ ဆီမီးအော်တိုမက်တစ် လူကျွံဘောနည်းပညာကို ၂၀၂၂ ကမ္ဘာ့ဖလားအတွက် အက်ဒီဒက်စ်ရဲ့ တရားဝင်နည်းပညာဘောလုံး Al Rihla နှင့် ချိတ်ဆက်အသုံးပြုမှာမို့ ဒိုင်လူကြီးတွေအတွက် ပိုမိုမြန်ဆန်တိကျမှုရှိပြီး တစ်သတ်မတ်တည်း ဖြစ်မယ့် ဆုံးဖြတ်ချက်တွေ ချရာမှာ အထောက်အကူပြုလိမ့်မှာဖြစ်ပါတယ်။

SAOT နည်းပညာအရ ဘောလုံးအားကစားရုံရဲ့ အမိုးအောက်မှာ ဘောလုံးကို ခြေရာခံလိုက်မယ့် ရွေ့လျားကင်မရာ ၁၂ လုံးကို တပ်ဆင်မှာဖြစ်ပါတယ်။ အဲဒီအပြင် ကင်မရာတွေက ကစားသမားတစ်ဦးချင်းစီရဲ့ အချက်အလက်အမှတ်အသား ၂၉ နေရာ အထိ တစက္ကန့်ကို အကြိမ်၅၀အထိ ခြေရာခံမှတ်တမ်းတင်ပေးပါလိမ့်မယ်။ အဲဒီနောက် ကွင်းထဲမှာရှိနေတဲ့ တစ်ဦးချင်းစီရဲ့ တည်နေရာအတိအကျကို တွက်ချက်ပေးမှာဖြစ်ပါတယ်။ အဲဒီ ၂၉နေရာထဲမှာ  လူကျွံဘောဖမ်းဖို့ အရေးကြီးတဲ့ ကစားသမားတွေရဲ့ခြေလက်အစိတ်အပိုင်းနှင့် ခြေဖျား လက်ဖျားတွေလည်းပါဝင်ပါတယ်။

Source: AFP

#FIFA_Qatar_Worldcup

#SAOT_FIFA

#offside_tech_FIFA