#World_Health
Published 20 November 2022

 

နိုဝင်ဘာ ၁၇ ရက်နေ့က ကိုယ်ဝန်လမစေ့ဘဲမွေးတဲ့ အထိမ်းအမှတ်နေ့ဖြစ်ပြီး အစ္စရေးလ်မှလက်သည်များအဖွဲ့အစည်းက မှတ်သားဖွယ်ရာများကို ဖော်ပြပေးလိုက်ပါတယ်။

 

ကိုယ်ဝန်သက်တမ်း ၃၇ ပတ်မတိုင်ခင် ကလေးမွေးဖွားခြင်းကို လမစေ့ဘဲမွေးတယ်လို့ သတ်မှတ်ပြီး ပုံမှန်ဆိုရင်တော့ ကိုယ်ဝန်သက်တမ်းရက်သတ္တပတ် ၄၀ ခန့်မှာ မွေးဖွားလေ့ရှိပါတယ်။

 

ကမ္ဘာတဝှမ်းမှာ ကလေး ၁၀ ယောက်မွေးတိုင်း လမစေ့ဘဲမွေးဖွားခြင်းက ၁ ယောက်နှုန်းဖြစ်ပေါ်နေပြီး နှစ်စဉ် ကလေး ၁၅ သန်းခန့်က လမစေ့ဘဲမွေးနေကြပါတယ်။

 

လမစေ့ဘဲမွေးဖွားခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေရှိနေပြီး အချို့တဝက်သာ သိထားပါသေးတယ်။

 

- အရင်က လမစေ့ဘဲမွေးဖွားဖူးခြင်း

- သားအိမ်ခေါင်း မူမမှန်ခြင်း

- သွေးပေါင်ချိန်များခြင်း

- ရင်ကြပ်ဝေဒနာ

- ဆီးချို

- နှလုံးရောဂါ

- ဆေးလိပ်သောက်တတ်ခြင်း

- အရက်သေစာသုံးစွဲတတ်ခြင်း

- ဆေးဝါးသုံးစွဲခြင်း

- ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်ကျလွန်းခြင်း၊ တိုးလွန်းခြင်း တို့ကြောင့်ဖြစ်နိုင်ပါတယ်။

 

ကိုယ်ဝန်သက်တမ်းမစေ့ခင် မွေးဖွားခြင်းကြောင့် ပြဿနာအချို့ကြုံတွေ့ရနိုင်ပြီး အသက်သေဆုံးနိုင်ချေရှိနေပါတယ်။

 

ဒါကြောင့် မွေးပြီးပြီးချင်းကလေးငယ်တွေကို ဆေးရုံမှာထားပြီး အထူးကြပ်မတ်စောင့်ရှောက်ရတာပါ။

 

၂၈ ပတ်မတိုင်ခင် မွေးတဲ့ကလေးတွေဟာ ဘေးအန္တရာယ်များစွာရှိပေမယ့် ၃၄ ပတ်နောက်ပိုင်းမှ မွေးတဲ့ကလေးတွေကတော့ ပိုပြီးတည်ငြိမ်စိတ်ချရပါတယ်။

 

အရေးကြီးတာကတော့ ကိုယ်ဝန်လမစေ့ဘဲ ပိုပြီးစောစောမွေးလေ ဆေးရုံမှာ ကြပ်မတ်စောင့်ရှောက်မှု ပိုပြီးလိုအပ်လေဖြစ်ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group