Published 18 Nov 2022

အိန္ဒိယနိုင်ငံက နိုင်ငံရဲ့ ပထမဆုံး ပုဂ္ဂလိကထုတ်လုပ်တဲ့ ဒုံးပျံတစ်စီးကို သောကြာနေ့က ကမ္ဘာ့လေထုရဲ့အထက်ကို  အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ကြပါတယ်။

ဒါဟာ အိန္ဒိယနိုင်ငံအတွက် လေကြောင်းဆိုင်ရာ အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာဖို့ တွန်းအားပေးဆောင်ရွက်နေမှုမှာ အထင်ကရမှတ်တိုင်တစ်ခုဖြစ်ပါတယ်။

တန်တစ်ဝက်ရှိတဲ့ အဲဒီ Vikram-S ဒုံးပျံဟာ သောကြာနေ့ နေ့လယ်မတိုင်ခင် ပစ်တင်ခဲ့တာဖြစ်ပြီး စက်ဝိုင်းပြတ်ထဲမှာ ရွေ့လျားခဲ့ပါတယ်။

အဲဒီလွှတ်တင်မှုတွေကို အိန္ဒိယအာကာသသုတေသနဌာနရဲ့ တိုက်ရိုက် ဗွီဒီယိုထုတ်လွှင့်မှုမှာ မြင်တွေ့ကြရပါတယ်။

ခြောက်မိနစ်အကြာမှာ အဲဒီဒုံးပျံဟာ ပင်လယ်ထဲကို ဆင်းသက်ခဲ့တယ်လို့ အေဂျင်စီကနေသိရပါတယ်။

ယခုဒုံးပျံကို ပြည်တွင်းက Skyroot Aerospace ကုမ္ပဏီက ဖန်တီးတည်ဆောက်ခဲ့တာဖြစ်ပြီး ၅၅ မိုင်အမြင့်အထိ ရောက်ရှိပါတယ်။ အဲဒီအမြင့်ဟာ ကမ္ဘာမြေကြီးနှင့် ပြင်ပအာကာသတို့ကိုပိုင်းခြားထားတဲ့  ၁၀၀ ကီလိုမီတာ ကာမန်မျဉ်းရဲ့ အောက်ဖြစ်ပါတယ်။

Source: AFP

ရုပ်သံကြည့်ရှုရန်..⏭⏭⏭

✅Facebook >>> https://fb.watch/gTlVii-a23/