Published 14 Nov 2022

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ တနင်္လာနေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ တွေ့ဆုံကြပြီး ထိပ်သီးဆွေးနွေးမှုကို စတင်ခဲ့ကြပါတယ်။

နှစ်နိုင်ငံဟာ ကြီးထွားလာနေတဲ့ ခြားနားမှုတွေကို စီမံထိန်းသိမ်းနိုင်ပြီး ပဋိပက္ခတွေရှောင်ရှားနိုင်ကြလိမ့်မယ်လို့ နှစ်ဦး စလုံးက ပြောကြပါတယ်။

သူတို့ဟာ ဘာလီမှာကျင်းပမယ့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးမတိုင်ခင် တွေ့ဆုံကြတာဖြစ်ပြီး အစည်းအဝေးမစတင်ခင်မှာ နှစ်နိုင်ငံအလံတွေရှေ့မှာ လက်ဆွဲနှုတ်ဆက်လိုက်ကြပါတယ်။

ရာသီဥတုပြောင်းလဲခြင်းကစပြီး စားနပ်ရိက္ခာနှင့်လုံခြုံရေးတွေအထိ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို တရုတ်နှင့်အမေရိကန်ဟာ ဖြေရှင်းဖို့ အဓိကျတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက်ရမယ်လို့ ကမ္ဘာကြီးက မျှော်လင့်ထားတယ် လို့ဘိုင်ဒင်ကပြောပါတယ်။

တရုတ်-အမေရိကန်ဆက်ဆံရေး လက်ရှိအနေအထားက ကျွန်တော်တို့အားလုံးအတွက် စိတ်ပူပန်မှုဖြစ်စေပါတယ်။ အနေအထားဟာ နှစ်နိုင်ငံပြည်သူတွေရဲ့ အကျိုးစီးပွားနှင့် ကိုက်ညီမှုမရှိသလို နိုင်ငံတကာ လူ့အသိုက်အဝန်းရဲ့ မျှော်လင့်ထားမှုတွေရဲ့ မျှော်လင့်ချက်တွေအပေါ်မှာလည်း ကျေနပ်စရာမကောင်းပါဘူးလို့ ရှီကျင့်ဖျင်က ပြန်လည် ဆွေးနွေးခဲ့ပါတယ်။

 

ရုပ်သံကြည့်ရန်>>>>https://fb.watch/gN_QahC6Gy/

Source: AFP

#Biden_Xi_Summit

#Bali_US_China_Summit

#G-20_Bali