Published 10 Nov 2022

MSCအပျော်စီးသင်္ဘောလိုင်းရဲ့ အထင်ကရသင်္ဘောအသစ်ကြီး "MSC World Europa" ဟာ ကာတာနိုင်ငံရဲ့ မြို့တော် ဆိပ်ကမ်းကို ဆိုက်ကပ်လာပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပွဲအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် တရားဝင်အမည်ပေးအခမ်းအနားမတိုင်ခင် အမ်အက်စ်စီ ဝေါယူရိုပါ ဇိမ်ခံသင်္ဘောကြီး ရောက်ရှိလာခြင်းဖြစ်ပါတယ်။

အဆိုပါ ဧရာမသင်္ဘောကြီးဟာ ဒိုဟာမြို့တော်ရဲ့ ဂရန်းဆိပ်ကမ်းမှာ ဆိုက်ကပ်ထားပြီးနောက် တစ်ကမ္ဘာလုံးမှ ဘောလုံးပွဲ ပရိဿတ်တွေအတွက် ရေပေါ်ဟိုတယ်ကြီးအဖြစ် ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်။

အဆိုပါသင်္ဘောကြီးဟာ အလျား ၁၀၉၄ ပေ၊ဗျက်၁၅၄ ပေ၊ အမြင့် ၂၂၃ ပေရှိပြီး အထပ်ပေါင်း ၂၁ထပ်ပါဝင်ပါတယ်။ ခရီးသည်ပေါင်း ၆၇၆၂ ဦးတင်ဆောင်နိုင်တဲ့ ကမ္ဘာ့အဆင့်အတန်းရှိ ဇိမ်ခံသင်္ဘောကြီးဖြစ်ပြီး သင်္ဘောကုမ္ပဏီရဲ့ အကြီးဆုံးသင်္ဘောကြီးဖြစ်ပါတယ်။

Source: AFP

 

#MSC_World_Europa

#Doha_Qatar

#FIFA_Worldcup