Published 3 Nov 2022

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်ဟာ ယနေ့ နိုဝင်ဘာ (၃)ရက်က လူထုစည်းရုံးပွဲတစ်ခုမှာ သေနတ်နှင့် ပစ်ခတ်ခံရပါတယ်။သူဟာ သုံးကြိမ်တိတိအပစ်ခံရဘေးမှ အသက်အန္တရာယ်မှလွတ်မြောက်ခဲ့ပါတယ်။ သူရဲ့ တက်ရိခ် အီ အင်ဆက်ပါတီက သူ့ကိုထောက်ခံသူတွေဟာ ဒါဟာ အမ်ရန်ခန်ကိုလုပ်ကြံမှုဖြစ်တယ်လို့ ပြောကြပါတယ်။

အဲဒီပစ်ခတ်မှုဟာ ပါကစ္စတန် မြို့တော် အစ္စလမ်မာဘက်မှ မိုင် ၁၂၀ ခန့်အကွာရှိ ဝါဇီယာဘက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ကျည်ဆံက သူ့ရဲ့ခြေထောက်ကိုထိမှန်ခဲ့ပါတယ်။ သူ့ကိုလာဟိုးက ဆေးရုံကိုခေါ်ဆောင်သွားပါတယ်။

သူ့ကိုပစ်ခတ်သူနှစ်ဦးအနက် တစ်ဦးကိုအသေဖမ်းဆီမိပြီး အခြားတစ်ဦးကိုလည်း လက်ရ ဖမ်းဆီးမိတယ်လို့ ဆိုပါတယ် ။ ဒါပေမယ့် နောက်ကွယ်က အကြောင်းရင်းတွေကိုတော့ ချက်ခြင်းမသိသေးပါဘူး။

အီမရန်ခန်ဟာ ဒီရက်ပိုင်းတွေမှာ လူထုစည်းရုံးပွဲတွေ ဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူ့ထောက်ခံသူတွေက ရွေးချယ်ခံအစိုးရလို့ ပြောထားတဲ့ လက်ရှိဝန်ကြီးချုပ် ရှီဘက်ရှာရစ်ရဲ့  အစိုးရကို ဆန့်ကျင်တဲ့ ပွဲတွေလုပ်တာဖြစ်ပါတယ်။

လူတော်တော်များများလည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ အဲဒီအထဲမှာ ပါလီမန်အမတ် ဖိုင်ဆဲလ် ဂျာဗက်လည်းပါ တယ်လို့ သူ့ပါတီဝင်တစ်ဦးကပြောပါတယ်။

Source: Agencies News

#Imran_Khan

#Pakistan_Former_PM

#Imran_Khan_was_shot