Published 1 Nov 2022

☑️အမေရိကန်နိုင်ငံ ချီကာဂိုမှာ တနင်္လာနေ့ည ကိုးနာရီခွဲခန့်က  ဟော်လိုဝင်ပွဲ ဆင်နွှဲနေကြသူတွေကြားထဲ  သေနတ်  ပစ်ခတ်မှုဖြစ်ခဲ့ရာ  သုံးနှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အခြားကလေးငယ်နှစ်ဦးအပါအဝင် အနည်းဆုံး လူ(၁၄)ဦး ဒဏ်ရာများရရှိ

☑️မောင်းနှင်နေတဲ့ ကားတစ်စီးပေါ်ကနေ လူအုပ်ထဲ သေနတ်နှင့်ပစ်ခတ်သွားခြင်းဖြစ်

☑️ဖြစ်ရပ်တစ်ခုလုံးက သုံးစက္ကန့်ခန့်သာကြာမြင့်ခဲ့

☑️အသက်(၃)နှစ်အရွယ်ကလေးငယ်နှင့် အခြားကလေးနှစ်ဦးမှာ ၁၁နှစ်နှင့် ၁၂နှစ်အရွယ်များဖြစ်

ဒဏ်ရာရသူတွေထဲမှာ ကားတိုက်မိသူတစ်ဦးလည်းပါဝင်

☑️အရေးပေါ်ဌာနတွေက အခင်းဖြစ်ပွားရာ West Side မှာရှိတဲ့ West Flournoy ဘလောက် ၂၇၀၀ သို့ အလျင်အမြန် သွားရောက်နေ

☑️အဆိုပါသေနတ်ဖြစ်မှုမျာ ကာလီဖိုနီးယားနှင့် ပေါ့လ်လမ်းဆုံးမှာဖြစ်ပြီး ဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူများ နှင့် မစိုးရိမ်ရသူများ အမျိုးမျိုးပါဝင်

☑️ကားပေါ်ကနေ လူအုပ်ထဲ ရမ်းသန်းပစ်သွာတာဖြစ်ပြီး အကြောင်းရင်းလည်းမသိသေးလို ပစ်သူဘယ်သူဘယ်ဝါဆိုတာလည်း မသိသေးဘူးလို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရသူကပြောပါတယ်။

Source: Mirror/Reuters/others

#Chicago_Haloween_shooting

#Drive_by_shooting

#Haloween_tragedy