Published 30 June 2021

မလေးရှားဝန်ကြီးချုပ်မူရစ်ဒင်ယာဆင်ဟာ ဝမ်းပျက်ဝမ်းလျှောရောဂါပြင်းထန်စွာခံစားရလို့ ဆေးရုံတင်လိုက်ရတယ်လို့  ဝန်ကြီးချုပ်ရုံးကသတင်းထုတ်ပြန်ပါတယ်။ ရစ်ဒင်ယာဆင်ဟာ အင်္ဂါနေ့ညက ဝေဒနာစခံစားရပြီးနောက် ဒီမနက်မှာ ကုသဖို့နှင့်စောင့်ကြည့်နိင်ဖို့ ဆေးရငုံတင်လိုက်ရတယ်လို့ ဝန်ကြီးချုပ်ရုံးက ကြေညာပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ မထုတ်ပြန်ပါဘူး။ ၂၀၁၈ခုနှစ်တုန်းက မူရစ်ဒင်ယာဆင်ဟာ ပန်ကရိယကင်ဆာကိုကုသခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လက သူဟာ ကင်ဆာရောဂါပျောက်ကင်းသွားပြီလို့ သူ့ရုံးကကြေညာခဲ့တာပါ။

Ref: Reuters