Published 24 Oct 2022

ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်နေရာ ယှဉ်ပြိုင်ဘက်များ နှုတ်ထွက်သွားတဲ့အတွက် ရီရှီဆူနတ်ဟာ တနင်္လာနေ့မှာ  ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ်အသစ်ဖြစ်လာတော့မှာဖြစ်ပါတယ်။သူဟာ  လူသန်းပေါင်းများစွာ ဆင်းရဲစေတော့မယ့် အနေအထားဖြစ်နေတဲ့ စီးပွားရေးကျဆင်းမှုတစ်လျောက် ကွဲပြဲနေတဲ့ နိုင်ငံကို ကိုင်တွယ်ထိန်းကျောင်းရတော့မှာပါ။

ဗြိတိန်နိုင်ငံ ဝက်မင်စတာမှာ အချမ်းသာဆုံးနိုင်ငံရေးသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဆူနတ်ဟာ  ၄၄ရက်သာ တာဝန်ယူလိုက်ရတဲ့ လက်ရှိဝန်ကြီးချုပ်လစ်ထရပ်စ်နေရာကို အစားထိုးဝင်ရောက်မှာဖြစ်ပြီး ဗြိတိန်ဘုရင်မင်းမြတ် ချားလ်စ်က သူ့ကို အစိုးရအဖွဲ့ ဖွဲ့စည်းခိုင်းမှာဖြစ်ပါတယ်။

သူဟာ အမတ်တွေဆီက ခိုင်လုံတဲ့ မဲမရခဲ့တဲ့ centrist  နိုင်ငံရေးသမား ပင်နီမော်ဒေါ့ ကို အနိုင်ယူပြီး သူ့ရဲ့ ပြိုင်ဘက် နောက်တစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်ကလည်း  သူဟာပါတီကိုညီညွတ်အောင်မလုပ်နိုင်လို့ဆိုကာ ပြိုင်ပွဲက နှုတ်ထွက်သွားလို့ ပြိုင်ဘက်ကင်းသွားခဲ့တာဖြစ်ပါတယ်။

မော်ဒေါ့ နောက်ဆုတ်သွားတဲ့သတင်းကြောင့် ပေါင်စတာလင်က ခဏတာ မြင့်တက်လာခဲ့ပေမယ့် သိပ်မကြာ ဒုံရင်း အတိုင်းပြန်ဖြစ်သွားပါတယ်။

အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ယခင် ဘဏ္ဍာရေးဝန်ကြီးဟောင်းဟာ ဆူနတ်ဟာ  (၂)လတာမကြာသေးတဲ့အတွင်း ဗြိတိန်ရဲ့ တတိယမြောက်ဝန်ကြီးချုပ် ဖြစ်လာတော့မှာပါ။

ဆူတန်ဟာ ယူကေနိုင်ငံမှာ ပထမဆုံး အိန္ဒိယအနွယ်ဖွားတဲ့ ဝန်ကြီးချုပ်တစ်ဦးဖြစ်လာတော့မှာပါ။  သူ့ရဲ့ မိသားစုဟာ ၁၉၆၀ပြည့်လွန်နှစ်တွေမှာ ဗြိတိန်ကို ရွှေ့ပြောင်းလာကြပါတယ်။ အဲဒီအချိန်က ကိုလိုနီနိုင်ငံဟောင်း အိန္ဒိယက လူတော်တော်များများကို ဗြိတိန်ပြောင်းရွှေ့လာဖို့ ကူညီအားပေးခဲ့တဲ့ အချိန်ဖြစ်ပါတယ်။

သူဟာအောက်စ်ဖို့ တက္ကသိလ်က ဘွဲ့ရခဲ့ပြီးနောက် သူဟာ စတန်ဖို့ တက္ကသိုလ်ဆက်တက်ခဲ့ပါတယ်။ စတန်းဖို့ဒ်မှာ သူဟာ ဇနီးလောင်း အက်ရှာတာမာသီနှင့်ဆုံတွေ့ခဲ့ပါတယ်။ သူ့ဇနီးလောင်းရဲ့ ဖခင်ဟာ အိန္ဒိယဘီလျံနာ အင်န်အာရ် နာရာယာနာ မာသီဖြစ်ပြီး  ပြင်ပအလုပ်လက်ခံကုမ္ပဏီကြီးဖြစ်တဲ့ Infosys Ltdကိုတည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။

Source Reuters

#Rishi_Sunak

#Britain’s_New_P.M

#UK_Politics