Published 23 October 2022

နာမည်ကျော် ခွန်အားဖြည့် အချိုရည် Red Bull ရက်ဒ်ဘူး ကုမ္ပဏီ တည်ထောင်သူနှင့်ပိုင်ရှင်ဩစတြီးယား ဘီလျံနာ ဒီထရစ်မက်တက်ရှစ်ဟာ ကင်ဆာရောဂါဝေဒနာ အသည်းအသန်ခံစားခဲ့ရပြီးနောက် စနေနေ့ အောက်တိုဘာ ၂၂ရက် နေ့မှာ အသက် ကွယ်လွန်သွားပြီဖြစ်ပြီး ကွယ်လွန်ချိန်မှာ သူဟာ အသက် (၇၈)နှစ်ရှိပြီဖြ်ပါတယ်။

သူသေဆုံးမှုကို ရက်ဒ်ဘူးဖော်မျူလာဝမ်းအဖွဲ့က အတည်ပြုပါတယ်။

သူဟာ ဆီးရီးယားတွင်မွေးဖွားခဲ့ပြီး ရက်ဒ်ဘူး ခွန်အားဖြည့်အချိုရည်ကို တစ်ကမ္ဘာလုံးမှာ စိုးမိုးသွားနိုင်တဲ့အထိ လုပ်ဆောင်နိုင်ခဲ့ပြီး သူဟာ ဩစတြီးယားရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်လို့သတ်မှတ်ခံထားရသူဖြစ်ပါတယ်။

မက်တက်ရှစ်ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ယူရို ယူရို ၂၅ ဘီလျံ( အမေရိကန်ဒေါ်လာ ၂၅.၆၄ ဘီလျံ) ရှိပြီး သူဟာ ဖော့ဘ်မဂ္ဂဇင်းရဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းမှာ အမှတ်စဉ် ၅၁ ချိတ်ထားသူလည်းဖြစ်ပါတယ်။

ကိုယ်တိုင်ကြိုးစားပြီး ဘီလျံနာဖြစ်လာတဲ့သူဟာ ဈေးကွက်ဂုရုကြီးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ဗီယင်နာက ကမ္ဘာ့ကုန်သွယ်ရေးတက္ကသိုလ်ဘွဲ့ရပြီးနောက် သူဟာ ၁၉၇၀ဝန်းကျင်မှာ ကုမ္ပဏီတော်တော်များများမှာ ဈေးကွက် ကျွမ်းကျင်သူတစ်ဦးအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။

သူဟာ အာရှကို လုပ်ငန်းကိစ္စ ခရီးတွေလာခဲ့ပြီးနောက် သူဟာ ခွန်အားဖြည့် အချိုရည်ရဲ့ ဈေးကွက်ကို ကောင်းကောင်းသိသွားခဲ့ပါတယ်။ အဲဒီတုန်းက အဲဒီအချိုရည်မျိုးကို ဥရောပနှင့် အမေရိကန်နိုင်ငံတွေမှာ သိပ်ပြီး လူသိပ်မသိကြသေးပါဘူး။ ၁၉၈၃ ခုနှစ်မှာ သူဟာ အာရှမှာ ဒီလိုမျိုးအချိုရည်အတွက် လိုင်စင်တစ်ခုရယူခဲ့ပါတယ်။ တစ်နှစ်အကြာမှာ သူဟာ ထိုင်းက မိသားစု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ယိုးဗီဒရာနှင့်အတူ Red Bull GmbH ကို တည်ထောင်လိုက်ပါတော့တယ်။ သူဟာ အဲဒီကုမ္ပဏီမှာ ရှယ်ယာ ၄၉ ရာခိုင်နှုန်းရယူထားခဲ့ပါတယ်။

ထိုင်းရဲ့ ခွန်အားဖြည့်အချိုရည် စပ်နည်းဖော်မျူလာကို သူဟာ ပြုပြင်မွမ်းမံပြီးနောက် ဈေးကွက် သဘောတရာတးစ်ခုကို ဖန်တီးခဲ့ပါတယ်။ Red Bull ကို ၁၉၈၇ ခုနှစ်မှာ သူဟာ ဈေးကွက်မှာ စတင်ရောင်းချခဲ့ပါတယ်။ ကာဘွန်ဒိုင်အောက်ဆိုဒ် ထည့်ထားလို့ အမြှပ်ထနေပြီး ချိုတဲ့အရသာရှိတဲ့ အဲဒီအချိုရည်ဟာ ဈေးကွက်ထဲ ခက်ခက်ခဲခဲဝင်ရောက်ခဲ့ရပြီးနောက်  နောက်ဆုံးမှာ ကမ္ဘာလုံးဆိုင်ရာဈေးကွက် ဦးဆောင်သူဖြစ်လာပါတော့တယ်။

၂၀၂၁ခုနှစ်မှာ ကုမ္ပဏီအုပ်စုဟာ ငွေကြေးအနုတ်အသိမ်း ဒေါ်လာ ၇,၈ ဘီလျံအထိအောင်မြင်မှုရရှိလာခဲ့ပြီး တစ်ကမ္ဘာလုံးကို ၉.၈ ဘီလျံ အချိုရည်ဘူးတွေ ရောင်းချနိုင်ခဲ့ပါတယ်။သူ့ရဲ့ အရေးကြီးတဲ့ အောင်မြင်မှုမှတ်တိုင်က ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အမေရိကန်ဈေးကွက်ထဲ ထိုးဖောက်ခဲ့ရတာဖြစ်ပါတယ်။ ဒီကနေ့ အမေရိကန်ပြည်ထောင်စုမှာ အချိုရည်သုံးဘူးရောင်းရတိုင်း တစ်ဘူးမှာ Red Bull ဖြစ်သည်အထိ အောင်မြင်နေပါတယ်။

သူရဲ့ ကိုယ်ပိုင်ဘဝကို သိသူနည်းလှပါတယ်။ သူဟာ လူရှေ့သူရှေ့သိပ်မထွက်ဘဲ အင်တာဗျူးလည်း ပေးခဲလှပါတယ်။ သူဟာ သူ့ရဲ့ နှစ်ရှည်တွဲတဲ့ ချစ်သူအမျိုးသမီးနှင့်အတူ ဆားဘတ်မြို့မှာ နေထိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်များစွာက သူဟာ တစ်ရက်ကို အနည်းဆုံး Red Bull ၁၀ဘူးကနေ ၁၂ ဘူးအထိသောက်ခဲ့တယ်လို့ ကြားဖူးပါတယ်။

သူသေဆုံးသွားပြီးနောက် the Red Bull အင်ပါယာအပေါ် ဘယ်လိုအကျိုးသက်မယ်ဆိုတာ သိပ်မရှင်းလင်းပါဘူး။ သူရဲ့ တစ်ဦးတည်းသောသား အသက် ၃၀ အရွယ် မာ့ခ်ဟာ သူ့ဖခင်ရဲ့ ရင်းနှီးမြှပ်နှံမှုကုမ္ပဏီတွေထဲက တစ်ခုမှာ မန်းနေဂျင်း ဒါရိုက်တလုပ်နေပါတယ်။ သားဖြစ်သူ မာ့ခ်ဟာ သူ့အရိုက်အရာကို ဆက်ခံနိုင်ဖွယ်ရှိနေတယ်လို့ရိုက်တက သတင်းရေးသားပါတယ်။

Source Reuters

#Dietrich_Mateschitz

#Red_Bull

#Richest_man_in_Austria