Published 20 Oct 2022

ဗြိတိန်ဝန်ကြီးချုပ်အဖြစ်မှ နှုတ်ထွက်မည်ဖြစ်ကြောင်း လစ်ထရပ်စ်က ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။ သူမဟာ ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ရက်သတ္တပတ်ခြောက်ပတ်မျှသာ တာဝန်ထမ်းဆေင်ခဲ့ရပြီး သူမရဲ့ စီးပွားရေးအစီအစဉ်တွေကြောင့် ဈေးကွက်တွေ ကမောက်ကမဖြစ်ခဲ့ရတဲ့အပြင် သူမရဲ့ ကွန်ဆာဗေးတစ်ပါတီလည်း နှစ်ခြမ်းကွဲခဲ့ရပါတယ်။

ခေါင်းဆောင်ကို လာမယ့်အပတ်အတွင်းရွေးချယ်မယ်လို့ သိရပါတယ်။

သူမရဲ့ အမှတ်၁၀ ဒေါင်းနင်းလမ်းအိမ်တံခါးဝအပြင်ဘက်မှာ သူမကပြောကြားရာမှာ သူမဟာ ကွန်ဆာဗေးတစ်ခေါင်းဆောင်းအဖြစ် တာဝန်ယူတဲ့အချိန်မှာ သူမပေးခဲ့တဲ့ကတိတွေကို မလုပ်ပေးနိုင်ခဲ့ပဲ ပါတီရဲ့ ယုံကြည်မှု ဆုံးရှုံးခဲ့ရတာကို လက်ခံတယ်လို့ပြောပါတယ်။

“ လက်ရှိအခြေအနေမှာ ကျွန်မကို ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အဖြစ် ပေးအပ်တဲ့ တာဝန်ကို မဆောင်ရွက်နိုင်ခဲ့တာကို သိပါတယ်။အဲဒါကြောင့် ကျွန်မဟာ ဗြိတိန်ဘုရင်မင်းမြတ်နှင့်တွေ့ဆုံပြီး ကျွန်မပါတီခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ပါမယ်လို့ အသိပေးခဲ့ပါတယ်” လို့ သူမကပြောပါတယ်။

“ ဒီမနက်မှ ကျွန်မ ၁၉၂၂ ကော်မတီဥက္ကဋ္ဌ ဆာဂရေဟမ်ဘရက်ဒီနှင့်တွေ့ပါတယ်။ လာမယ့်အပတ်အတွင်း ခေါင်းဆောင် အသစ်ရွေးချယ်ပေးဖို့သဘောတူခဲ့ပါတယ်။  ကျွန်မတို့ရဲ့ ဘဏ္ဍာရေးအစီအစဉ်တွေနှင့် ကျွန်မတို့နိုင်ငံရဲ့ စိးပွားရေးတည်ငြိမ်ရေး၊နိုင်ငံတော်လုံခြုံရေးတို့ကို ထိန်းသိမ်းနိုင်မယ့် လမ်းကြောင်းမှာပဲ ကျွန်မတို့ အသေအချာ ဆက်လက်ရှိနေကြမှာပါ” လို့ သူမကပြောပါတယ်။

Source Reuters

#Liz_Truss

#UK_PM_Resigned

#UK_Politics