Published 19 Oct 2022

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်ဘွန်ဘွန်မားကို့စ် ဂျူနီယာက သူသမ္မတဖြစ်ပြီးတဲ့နောက် ပထမဆုံးသော ဥပဒေအဖြစ် မိုဘိုင်းဖုန်းဆင်းမ်ကတ် မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို ပြီးခဲ့တဲ့အပတ်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။အဲဒီဥပဒေအရ မိုဘိုင်းဖုန်းဆက်သွယ်ရေးကုမ္ပဏီတွေက ဆင်းမ်ကတ်တွေနှင့် သူတို့ကို အသုံးပြုသူတွေရဲ့ အချက်အလက်တွေပါဝင်တဲ့ ဒေတာဘေ့စ်တစ်ခု database ကို မဖြစ်မနေတည်ဆောက်ပေးရမှာဖြစ်ပါတယ်။

ဥပဒေအရ တယ်လီဖုန်းဆင်းကတ်အသုံးပြုသူတွေဟာ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို မှတ်ပုံတင်ဖို့ လိုအပ်ပြီး အကယ်၍ မှတ်ပုံမတင်ပါက ဆင်းမ်ကတ်ကို ဖျက်သိမ်းပစ်ခံရမှာဖြစ်ပါတယ်။ လိမ်လည်စွာ မှတ်ပုံတင်ထားသူတွေကို အရေးယူအပြစ်ပေးမှာဖြစ်ပြီး ဥပဒေစိုးမိုးရေးအဖွဲ့တွေဟာ မိုဘိုင်းဖုန်းသုံးပြီး ရာဇဝတ်မှုကျူးလွန်တဲ့သူတွေကို စုံစမ်းစစ်ဆေးဖို့ သူတို့ရဲ့ အချက်အလက်တွေကို ရယူနိုင်ကြမယ်လို့ Nikkei Asia သတင်းမှာဖော်ပြထားပါတယ်။

ဥပဒေကိုထောက်ခံသူတွေက ဥပဒေဟာ ဖုန်းနှင့်ရိုက်စားလုပ်နေတာတွေကို ကာကွယ်ပေးဖို့ ရည်ရွယ်တယ်လို့ ပြောဆိုကြပါတယ်။ ဥပမာအားဖြင့် အသက် ၂၇နှစ်အရွယ် ဆံပင်အလှပြုပြင်သူ ဂျပ်စတင်းက သူ့ရဲ့ စုဆောင်းငွေတွေဟာ အချိန်ပိုင်းကလေးအတွင်း ဘယ်လိုပျောက်ဆုံးသွားခဲ့တယ်ဆိုတာကို သူမရဲ့ မိဘတွေကို ပြောပြခဲ့တာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

ပြန်ကြားရေးနှင့်ဆက်သွယ်ရေးနည်းပညာဝန်ကြီးဌာန ဝန်ကြီး အိုင်ဗန်ယူရီက တယ်လီကွမ်းကုမ္ပဏီတွေအနေနှင့် လူတွေ တန်းအကြာကြီးစီကြရမှာကို ရှောင်ကြဉ်ဖို့နှင့် နိုင်ငံရပ်ခြားက ဖိလစ်ပိုင်ဆင်းကတ်သုံးနေတဲ့ ဖိလစ်ပိုင်နိုင်ငံသးတွေ အဆင်ပြေစေဖို့ မှတ်ပုံတင်လုပ်ငန်းကို အွန်လိုင်းကနေ လုပ်ဖို့ တိုက်တွန်းထားပါတယ်။

ကွန်ပျူတာပညာရှင်သမဂ္ဂက ကင်ကန်တီလားစ်က ဒီဥပဒေဟာ ဂျပ်စတင်းတို့လို အလိမ်ခံရတဲ့သူတွေကို သိသိသာသာ ကူညီနိုင်လိမ့်မယ်လို့ မထင်ကြောင်းပြောပါတယ်။ ဥပဒေက လိမ်လည်မှတ်ပုံတင်သူတွေကိုသာ အပြစ်ပေးထားတယ်။ လိမ်လည်လုပ်စားသူတွေကိုဖော်ထုတ်ဖို့ဆိုရင် တရာရုံးအမိန့်နှင့် ရဲတွေပါဝင်ဖို့၊အချိန်ကုန်ငွေကုန်ဖြစ်ဖို့ရှိတယ်လို့ သူမက ပြောပါတယ်။ သူမက ဒီဥပဒေဟာ အစိုးရကိုဝေဖန်ဲ့သူတွေကို စောင့်ကြည့်ထောက်လှမ်းဖို့တော့ အကူအညီဖြစ်စေလိမ့်မယ်လို့ ပြောပါတယ်။

ဆင်းမ်ကတ်တွေ မဖြစ်မနေမှတ်ပုံတင်ရတာကို နိုင်ငံအများစုမှာ ကျင့်သုံးကြပါတယ်။ ယူကေအခြေစိုက် ပရိုက်ဗေစီ အင်တာနေရှင်နယ်ကတော့ အဲဒီလိုမူဝါဒတွေ အပေါ် သတိကြီးစွာထားနေပါတယ်။ ပါကစ္စတန်လိုနေရာမျိုးတွေမှာ မှတ်ပုံ မတင်တဲ့ ကတ်တွေအတွက် ပိုင်ရှင်ကိုယ်ရေးအချက်အလက်ခိုးပေးတာတို့ ၊ မှောင်ခိုဈေးကွက်တို့ ရှိနေလို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက အင်ဒိုနီးရှားမှာ သန်းရာပေါင်းများစွာသော လူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ဖောက်ထွင်းခိုးယူ ခံခဲ့ရပါတယ်။ အင်ဒိုနီးရှားဟာ ၂၀၁၈ခုနှစ်မှာ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကိုစတင်ခဲ့ပါတယ်။ အဲဒီကတည်းက မကြာခဏဆိုသလို အချက်အလက်တွေ ဖောက်ထွင်းခိုးယူခံနေရပါတယ်။

ဖိလစ်ပိုင်မှာ ဆင်းကတ်အသုံးပြုနေသူ သန်း၁၅၀ ရှိပါတယ်။ မေလတုန်းက အမျိုးသားရွေးကောက်ပွဲမကျင်းပခင် ရက် သတ္တပတ်အနည်းငယ်အလိုမှာ  သူတို့စနစ်ထဲက အချက်အလက်တွေ ဖောက်ထွင်းခံရတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၂၀၁၆ခုနှစ်တုန်းကလည်း မဲဆန္ဒရှ၍် သန်း၇၀ကျော်ရဲ့ အချက်အလက်တွေ ပေါက်ကြားမှု တွေရှိခဲ့ပါတယ်။

Source Nikkei Asia

#Philippine

#Sim_Registration_Law

#Phone_Scam