Published 18 Oct 2022

ကမ္ဘာပေါ်မှာ အကြီးဆုံးစိန်ပွင့်တွေထဲက တစ်ပွင့်ဖြစ်တဲ့ ရွှေကနေရီလို့အမည်ပေးထားတဲ့ ညိုဝါရောင် စိန်တစ်ပွင့်ကို ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့က ဆာသူဘီကုမ္ပဏီမှာ ပြသထားပါတယ်။ အဲဒီ ရွှေကနေရီစိန်ပွင့်ကြီးဟာ အလေးချိန်အားဖြင့် ၃၀၃.၁ ကာရက်ရှိပါတယ်။

အဆိုပါစိန်ကြီးဟာ အပြစ်အနာအဆာကင်းပြီး အမေရိက ကျောက်မျက်သိပ္ပံက အတွင်းမှာ အပြစ်အနာအဆာကင်းတဲ့ စိန် အဖြစ် အဆင့်အတန်းသတ်မှတ်ပေးထားပါတယ်။

ဒီလို ရင်သပ်ရှုမောစရာ စိန်ကြီးရဲ့အရွယ်အစားအတိုင်းက ကမ္ဘာပေါ်မှာ ရှာတွေ့ထားတာ စုစုပေါင်း စိန်ပွင့်ကြီးငါးပွင့်ပဲ ရှိပါသေးတယ်။ နောက်ပြီးထူးခြားချက်က ရွှေကနေရီစိန်ကြီးဟာ အဲဒီကြီးမားတဲ့ စိန်ပွင့်ကြီးထွေတဲက တစ်ပွင့်ကနေ ပြန်လည်ဖြတ်တောက်သွေးယူထားတာဖြစ်ပါတယ်။

Source AFP

 

#Golden_Canary

#Brownish-yellow_Diamond

#Sotheby_Dubai