Published 17 Oct 2022

ရုရှားက  ယူကရိန်းနိုင်ငံတလျောက် ဒရုန်းနှင့်ဒုံးကျည် တိုက်ခိုက်မှုတွေ အဆက်မပြတ်ပြုလုပ်နေတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမီယာဇီလင်စကီးက တနင်္လာနေ့မှာပြောပါတယ်။ ဒါပေမယ့် ဒီလိုတိုက်ခိုက်တာတွေဟာ ယူကရိန်းနိုင်ငံသားတွေကိုတော့ ဖြိုကွဲလို့ ရမှာမဟုတ်ဘူးလို့လည်း သူကပြောလိုက်ပါတယ်။

“ တစ်ညလုံးနှင့် တမနက်လုံးလုံး ရန်သူတွေဟာ အရပ်သားတွေကို အကြမ်းဖက်ခဲ့တယ်။ ကာမီကာဇီ ဒရုန်းတွေနှင့် ဒုံးကျည်တွေဟာ ယူကရိန်းနေရာအားလုံးကို တိုက်ခိုက်နေတယ်။ ရန်သူဟာ ကျွန်တော်တို့ရဲ့ မြို့တွေကို တိုက်ခိုက်နိုင်ပေမယ့် ကျွန်တော်တို့ကို ဖြိုခွဲလို့တော့ရမှာမဟုတ်ဘူး” လို့ သူကပြောပါတယ်။

ရုပ်သံထဲမှာ ရဲအရာရှိတွေဟာ ကိဗ်ရဲ့ ကောင်းကင်ယံမှာ နိမ့်နိမ်းလေးပျံသန်းလာနေတဲ့ ကာမီကာဇီ ဒရုန်းတွေကို ပြန်လည်ပစ်ခတ်နေတာကို မြင်တွေ့ကြရပါတယ်။

မြို့တော်ကိဗ်ရဲ့ မြို့တော်ဝန်က လူနှစ်ဦးဟာ အပျက်အစီးပုံတွေကြားထဲ ပိတ်မိနေတယ်လို့ ပြောအပြီးမှာ ကိဗ်က လူနေအဆောက်အဦတစ်လုံး ထိမှန်ခဲ့တယ်လို့သူကအတည်ပြုပါတယ်။

Source AFP

#Kamikaze_drones_attack

#Kyiv_Ukraine

#Zelensky