Published 14 Oct 2022

တူရကီအတိုက်အခံ ရီပတ်ဗလီကင် ပြည်သူ့ပါတီရဲ့ ပါလီမန်အမတ် ဘူရက်အာဘေးဟာ အစိုးရက ကျောထောက်နောက်ခံပြုထားတဲ့ မမှန်သတင်း ဥပဒေကြမ်းကို ကန့်ကွက်တဲ့အနေနှင့် ပါလီမန်အစည်းအဝေးမှာ သူ့ရဲ့ မိုဘိုင်းဖုံးကို တူနှင့် ရိုက်ခွဲခဲ့ပါတယ်။

အဲဒီ ဥပဒေဟာ မမှန်သတင်းဖြန့်ချိသူတွေကို‌‌  ထောင်ဒဏ် (၃)နှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာကွန်ယက်တွေနှင့် အင်တာနက်ဆိုက်တွေဟာ  သတင်းအချက်အလက်ကို အထင်မှားစေအောင် ဝါဒဖြန့်တယ်လို့ သံသယရှိသူတွေရဲ့ အချက်အလက်တွေကို အစိုးရထံ ပေးအပ်ရမှာဖြစ်ပါတယ်။

“ တကယ်လို့ ဒီဥပဒေကြမ်းကိုသာ ပါလီမန်မှာအတည်ဖြစ်သွားရင် ကိုယ့်ညီတို့ရေ  မင်းတို့ရဲ့ ဖုန်းတွေကို ဒီလိုသာ ရိုက်ချိုးပစ်လိုက်ကြတော့” လို့ သူကပြောဆိုခဲ့ပါတယ်။

Source AFP