Published 8 Oct 2022

အိန္ဒိယဗဟိုဘဏ်က အီး-ရူပီးဆိုတဲ့ ဒစ်ဂျစ်တယ်ငွေကြေးကို အသုံးပြုနိုင်ဖို့ ဆောင်ရွက်နေရာ  ကြီးမားတဲ့ ရှေ့ပြေးစီမံကိန်းတွေ လုပ်ဆောင်ခဲ့ပြီးနောက် နောက်ဆုံးဒီဇိုင်းတစ်ခုကို ရရှိတော့မှာဖြစ်ပါတယ်။

အိန္ဒိယ အရန်ငွေကြေးဘဏ်ဟာ  လက်ကားလုပ်ငန်းတွေအတွက် ဘဏ်စာရင်းအခြေပြု ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေး သို့မဟုတ် CBDC နှင့် လက်လီလုပ်ငန်းတွေအတွက် တိုကင် အခြေပြု ငွေကြေးတစ်ခုကို အကောင်အထည်ဖော်ဖို့ လုပ် ဆောင်နေပါတယ်လို့ သောကြာနေ့က ထုတ်ပြန်တဲ့ စာတမ်းတစ်ခုထဲမှာ ဖော်ပြထားပါတယ်။  ဒစ်ဂျစ်တယ်ငွေကြေးကို  အီး-ရူပီးအဖြစ် လွှဲပြောင်းမှာဖြစ်ပြီး  ငွေကြေးပုံစံအားလုံးအတွက် နောက်ထပ်ရွေးချယ်မှုတစ်ခုဖြစ်လာပါလိမ့်မယ်လို့ လည်းဖော်ပြထားပါတယ်။

ငွေသားကို မှီခိုနေတဲ့ အိန္ဒိယဟာ ငွေကြေး ပေးချေမှုတွေမှာ ပိုပြီး အကျိုးရှိစေအောင် သူတို့ရဲ့ ငွေကြေးတွေကို ဒစ်ဂျစ်တယ်ပုံစံဦးတည်လုပ်ဆောင်နေကြတဲ့ တရုတ်နိုင်ငံအပါအဝင် နိုင်ငံတွေလို ဦးတည်ကြိုးပမ်းလာတာဖြစ်ပါတယ်။ အိန္ဒိယဘဏ္ဍာရေးဝန်ကြီး နီယာမာလာ ဆီသာရာမန်က ဒီနှစ်အတွင်းမှာ အိန္ဒိယအရန်ငွေကြေးဘဏ်ဟာ  ဒစ်ဂျစ်တယ်ငွေကြေးကို စတင်ဆောင်ရွက်တော့မယ်လို့ကြေညာပါတယ်။

“ ဒစ်ဂျစ်တယ်ငွေကြေးအတွက် လက်ရှိမှာ မဟာဗျူဟာအဆင့်အကောင်အထည်ဖော်မှုကို ဦးတည်ဆောင်ရွက်နေပြီး တစ်ဆင့်ပြီးတစ်ဆင့် ရှေ့ပြေးလုပ်ငန်းတွေလုပ်ဆောင်ပြီးနောက်ဆုံးမှာ ဒစ်ဂျစ်တယ်ငွေကြေးအဆင့် စတင်မှာဖြစ်တယ်” လို့ သူမကပြောပါတယ်။

ဒါပေမယ့် လုံးဝဗဟိုချုပ်ကိုင်မှုကင်းတဲ့ ပုံစံကိုတော့ ဗဟိုဘဏ်တွေက စိတ်ပူနေကြဆဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲသလိုလုပ်ရင် ရာဇဝတ်လုပ်ငန်းတွေကို ငွေကြေးထောက်ပံ့တာတွေကို နောက်ယောင်ခံလိုက်ဖို့ ခက်ခဲသွားနိုင်တယ်လို့ မြင်ထားကြလို့ဖြစ်တဲ့အကြောင်း SCMP သတင်းစာကရေးသားပါတယ်။

Source SCMP

#Digital_Currency_India

#e-Rupee

#India_ Reserve_Bank