Published 6 Oct 2022

စင်္ကာပူအစားအစာ အေဂျင်စီ (SFA) က Mie Sedaap တံဆိပ် အသင့်စားခေါက်ဆွဲနှစ်မျိုးမှာ အက်သလင်းအောက်ဆိုက် ethylene oxide ဆိုတဲ့ ပိုးသတ်ဆေးတစ်မျိုးကို တွေ့ရှိရတဲ့အတွက် အဲဒါတွေကို ပြန်လည်သိမ်းယူရန် အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အက်စ်အက်ဖက်အေက Mie Sedaap ကိုးရီးယားအစပ် အသင့်စားခေါက်ဆွဲပြုတ်နှင့် Mie Sedaap ကိုရီးယားအစပ် ကြက်သား အသင့်စားခေါက်ဆွဲတွေကို ပြန်လည်သိမ်းဆည်းဖို့ ရှန်းရှန်း အစားအစာနှင့် အဖျော်ယမကာ လုပ်ငန်းကို ညွှန်ကြားခဲ့တာပါ။သိမ်းဆည်းမှုတွေလုပ်ဆောင်ဆဲလို့လည်းသိရပါတယ်။

အဲဒီပြန်လည်သိမ်းယူတဲ့ အသင့်ခေါက်ဆွဲတွေကတော့ Mie Sedaap ကိုရီးယား အစပ် အသင့်ခေါက်ဆွဲပြုတ်အထုတ်တွေမှာ သက်တမ်းကုန်ရက် ၂၀၂၃ မေလ ၁၇ ရက်ရှိတဲ့ အထုတ်တွေနှင့် Mie Sedaap ကိုရီးယား အစပ် အသင့်ခေါက်ဆွဲ သက်တမ်းကုန်ရက် ၂၀၂၃ မေ ၂၁ရက်ရှိတဲ့အထုတ်တွေဖြစ်ပါတယ်။

“ အက်သလင်းအောက်ဆိုက် Ethylene oxide ဟာ ပိုးသတ်ဆေးတစ်မျိုုးဖြစ်ပြီး အစားအစာထဲမှာ အသုံးပြုရန် ခွင့်မပြုထားပါဘူး” လို့ အက်စ်အက်ဖ်အေက သတင်းထုတ်ပြန်ပါတယ်။အဲဒီခေါက်ဆွဲထုတ်တွေက အင်ဒိုနီးရှားက တင်သွင်းတာတွေပါ။

“အက်သလင်းအောက်ဆိုက်ကို ဟင်းခတ်အမွှေးအကြိုင်တွေမှာပိုးသတ်ဖို့ခွင့်ပြုထားတာပါ။အဲဒီအတွက်သတ်မှတ်ချက်က ဟင်းခတ်အမွှေးအကြိုင်တစ်ကီလိုဂရမ်မှာ အက်သလင်းအောက်ဆိုက် ၅၀မီလီဂရမ်အထိပဲခွင့်ပြုတာပါ” လို့ အဖွဲ့က ဆက်ပြောပါတယ်။

တင်သွင်းသူတွေနှင့်အင်ဒိုနီးရှားအာဏာပိုင်တွေကို ဒီလိုဖြစ်ရတာနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နိုင်ရေး အဖွဲ့က ပူးပေါင်းဆောင်ရွက်နေပါတယ်။

Source: CNA

#Mie_Sedaap_Korean_Spicy_Soup

#Mie_Sedaap_Korean_Spicy_Chicken

#Recall_Indo_made_Instant_noddles