Published 6 Oct 2022

ဥရောပမှ လျှပ်စစ်ဓာတ်အားတင်သွင်းလို့မရခဲ့လျှင်၊လောင်စာဓာတ်ငွေ့လျှပ်စစ်ဓာတ်အားပေးစက်ရုံများအတွက် လုံလောက်တဲ့ သဘာဝဓာတ်ငွေ့တွေမရခဲ့လျှင် ယခုနှစ်ဆောင်းရာသီတွင် ဗြိတိန်နိုင်ငံတွင် တစ်ရက်လျင် သုံနာရီကြာ လျှပ်စစ်မီးဖြတ်တောက်မှုနှင့် ကြုံရနိုင်ကြောင်း ဗြိတိန်နိုင်ငံရဲ့ အမျိုးသား လျှပ်စစ်ဓာတ်အားကွန်ယက်လိုင်း National Grid ကုမ္ပဏီက သတိပေးလိုက်တဲ့အကြောင်း ရိုက်တာကသတင်းရေးသားပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် လစ်ထရပ်ဇ်က ဥရောပအနေဖြင့် စွမ်းအင်တင်ပို့စီးဆင်းမှုကို ဆောင်းရာသီအတွင်း ဆက်လက်ထိန်းသိမ်းထားရန် တောင်းဆိုခဲ့အပြီး လျှပ်စစ်ဓာတ်အားဖြတ်တောက်မယ့်အလားအလာတွေရှိလာတာဖြစ်ပါတယ်။

ဥရောပတစ်လွှားက နိုင်ငံတွေက ယူကရိန်းနှင့်စစ်ပွဲကြောင့် ရုရှားထံမှ ဓာတ်ငွေ့တွေ ပြတ်တောက်မှုဖြစ်လာတဲ့အခါ ဆောင်းရာသီအရေးပေါ်အစီအစဉ်တွေ ရေးဆွဲနေပါတယ်။  အဲသလိုဆိုရင် ခွဲတမ်းတွေဖြစ်လာနိုင်ပြီး အခြားနိုင်ငံတွေကို လောင်စာဆီတင်ပို့တာတွေလည်း ဖြတ်တောက်ရဖွယ်ရှိနေပါတယ်။

ဥရောပကဓာတ်ငွေ့တွေ မလုံလောက်တာနှင့် ပြင်သစ်ရဲ့နျူကလီးယားဓာတ်အားပေးစက်ရုံတော်တော်များများ ပြုပြင်မွမ်းမံနေရတဲ့အတွက် အဲဒါတွေဟာ ဗြိတိန်အတွက် လုံလောက်တဲ့ ဓာတ်ငွေ့ရရှိဖို့ ခက်ခဲလာနေပါတယ်။ အဲဒါကြောင့် လျှပ်စစ်ဓာတ်အားကို ပုံမှန်အားဖြင့်ရရှိတဲ့ ပြင်သစ်၊ဘယ်ဂျီယံနှင့် နယ်သာလန်တို့ကနေ့ တင်သွင်းဖို့လိုအပ်နေပါတယ်။

“အလားအလာမရှိတဲ့ အရေးကြီးဖြစ်ရပ်နှင့် အနေအထားမှာကြုံနေရတယ်။ ဆိုလိုတာက အချို့သော ကျွန်တော်တို့ရဲ့ ဖောက်သည်တွေဟာ ရက်တစ်ရက်ရဲ့ ကြိုတင်ကြေညာထားတဲ့အချိန်တွေမှာ လျှပ်စစ်မီးပြတ်တောက်တာဖြစ်နိုင်တယ်။  ယေဘုယျအားဖြင့်တော့ သုံးနာရီကြာအလှည့်ကျပြတ်တောက်တာမျိုးပေါ့” လို့ အမျိုးသား လျှပ်စစ်ဂရစ်စနစ်အော်ပရေတာ(ESO)က ယင်းရဲ့ဆောင်းရာသီအခြေအနေခန့်မှန်းချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

ဒါပေမယ့် ဗြိတိန်အစိုးရကတော့ ဆောင်းရာသီမှာ လုံလောက်တဲ့ လျှပ်စစ်ဓာတ်အားရရှိဖို့ သူယုံကြည်နေတယ်လို့ ပြောပါတယ်။

“ ယူကေဟာ လုံခြုံစိတ်ချရပြီးကွဲပြားတဲ့ စွမ်းအင်စနစ်တစ်ခုရှိပါတယ်။ ဒီနှစ်ဆောင်းရာသီမှာ အိမ်ထောင်စုတွေနင့်စီးပွားရေးလုပ်ငန်းတွေကို လျှပ်စစ်မီးအပြည့်ရရှိစေဖို့ ကျွန်တော်တို့ ယုံကြည်မှုရှိပါတယ်” လို့ အစိုးရရဲ့ ပြောရေးဆိုခွင့်ရသူကပြောပါတယ်။

ပိုပြီးစိတ်ချရအောင် အစီအစဉ်တွေလည်းချပြီးပါပြီ။ ဗြိတိန်ရဲ့ မြောက်ပင်လယ် ဓာတ်ငွေ့အရန်တွေ၊ ပြီးတော့ နော်ဝေနှင့် သန့်ရှင်းတဲ့စွမ်းအင်အရင်းအမြစ်တွေလိုမျိုးပေါ့ လို့ သူက ထပ်မံဖြည့်စွက်ပြောပါတယ်။

Source Reuters

#Britain

#Electricity_Shortage

#Russia_gas