Published 5 Oct 2022

အိုပက်နှင့်အပေါင်း OPEC+ နိုင်ငံတွေဟာ  အမေရိကန်ပြည်ထောင်စုက ဖိအားပေးနေတဲ့ကြားထဲက ရေနံထုတ်လုပ်မှုတွေကို ၂၀၂၀ ကိုဗစ်-၁၉ ကပ်ဘေးစသည့်အချိန်ကစလျှင် အနက်ရှိုင်းဆုံး ဖြတ်တောက်ရန် ဗုဒ္ဓဟူးနေ့က ဗီယင်နာမှာကျင်းပတဲ့ အစည်းအဝေးတစ်ခုအတွင်း သဘောတူခဲ့ကြပါတယ်။

အိုပက်နှင့်အပေါင်း နိုင်ငံတွေဟာ အိုပက်အဖွဲ့ဝင်နိုင်ငံတွေနှင့် အိုပက်အဖွဲ့ဝင်မဟုတ်တဲ့အခြားနိုင်ငံ ၁၀နိုင်ငံတို့ ပူးပေါင်း ဖွဲ့စည်းထားပြီး နိုင်ငံပေါင်း ၂၄နိုင်ငံပါဝင်တာပါ။

ဒီလိုရေနံထုတ်လုပ်မှုဖြတ်တောက်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် လွန်ခဲ့တဲ့သုံးလက ရေနံတစ်စည် ဒေါ်လာ ၁၂၀ရှိရာကနေ ဒေါ်လာ၆၀အထိကျဆင်းလာခဲ့တဲ့အပေါ် ရေနံဈေးနှုန်းပြန်လည်ကောင်းမွန်လာဖို့ တွန်းအားဖြစ်လာစေပါလိမ့်မယ်။

အမေရိကန်က အိုပက်အဖွဲ့ကြီးကို ရေနံထုတ်လုပ်မှု မဖြတ်တောက်ပစ်ဖို့ တွန်းအားပေးခဲ့တယ်လို့ ဒီကိစ္စတွေနှင့်နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ခုက ရိုက်တာကိုပြောပါတယ်။

အခုဖြတ်တောက်ပစ်မယ့်ပမာဏာထဲမှာ ဆော်ဒီအာရေဗျတို့လို သူ့နိုင်ငံအလိုက် ဆန္ဒအလျောက်ထုတ်လုပ်မှုလျော့ချထား တာတွေပါဝင်သလား၊ အဖွဲ့အနေနှင့် လက်ရှိထုတ်လုပ်နေတဲ့အပေါ်လား ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။

အိုပက်အဖွဲ့နှင့်အပေါင်း နိုင်ငံတွေဟာ ဩဂုတ်လတုန်းက ရည်မှန်းထားတာတဲ့လျော့နည်းပြီး တစ်ရက်ကို ရေနံစည် ၃.၆သန်းထုတ်လုပ်ခဲ့ကြပါတယ်။ အခုတစ်ရက်ကို ရေနံစည် (၂)သန်းပဲထုတ်မယ်လို့ သဘောတူခဲ့ကြတာဖြစ်ပါတယ်။

“ဖြတ်တောက်မှုသိသာခဲ့လို့ ရေနံဈေးနှုန်းတက်လာရင် အမေရိကန်ရဲ့ သက်တမ်းအလယ် ရွေးကောက်ပွဲမတိုင်ခင်မို့ ဘိုင်ဒင်အစိုးရအတွက် ဒေါသထွက်စရာဖြစ်လိမ့်မယ်” လို့ Citi analysts ကမှတ်ချက်ပေးပါတယ်။

“ ဒါဆိုရင် အမေရိကန်ဆီကနေ နောက်ထပ် နိုင်ငံရေးတုန့်ပြန်ဆောင်ရွက်မှုတွေလာနိုင်တယ်။ အဲဒီအထဲမှာ NOPEC ဥပဒေကြမ်းကို အတည်ပြုတာမျိုးနှင့်အတူ မဟာဗျူဟာအရသိုလှောင်ထားရှိတဲ့ ရေနံတွေကို ထပ်ပြီး အပြင်ထုတ်ရောင်းပေးတာမျိုး လုပ်လာနိုင်တယ်” လို့ စီတီကဆက်ပြောပါတယ်။ အဲဒီ NOPEC ဥပဒေကြမ်းဆိုတာ အိုပက်အပေါ် စီးပွားရေးလက်ဝါးကြီးအုပ်မှုတိုက်ဖျက်ရေး antitrust ဥပဒေတစ်ခုဖြစ်ပါတယ်။

Pmorgan ကလည်း ဝါရှင်တန်ဟာ သူ့ရဲ့ လှောင်ထားတဲ့ရေနံတွေကို ပိုထုတ်ရောင်းတာမျိုးလုပ်လိမ့်မယ်လို့ ပြောပါတယ်။

ဆုံးဖြတ်ချက်ဟာ နည်းပညာအရသာဖြစ်တယ် နိုင်ငံရေးမဟုတ်ဘူးလို့ ယူအေအီး စွမ်းအင်ဝန်ကြီး ဆူဟေးလ် အယ်လ် မက်ရိုယီကပြေပါတယ်။ ဒါကို နိုင်ငံရေးအဖွဲ့အစည်းအနေနှင့်သုံးမှာမဟုတ်ဘူးလို့ သူကဆက်ပြောပါတယ်။

အဆိုပါအစည်းအဝေးသို့ အိုပက်နှင့်အပေါင်း နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံရဲ့  ဒုတိယဝန်ကြီးချုပ် အလက်ဇင်းဒါး နိုဗက်လည်း တက်ရောက်ခဲ့ပါတယ်။

Source: Agencies

#OPEC+

#US_Oil_Politics

#US_Vs_OPEC