Published 2 Oct 2022

ပေါ်တူဂီ ဘောလုံးအကျော်ဇေယျဖြစ်တဲ့ လူးဝစ် ဖီဂိုနှင့် နိုင်ငံတကာ ဘောလုံးသမားတွေပါဝင်တဲ့ အသင်းတစ်သင်းဟာ အမြင့်မှာကစားတဲ့ ဘောလုံးပွဲအတွက် ဂင်းနက်စ်၏ ကမ္ဘာ့မှတ်တမ်းစံချိန်ချိုးဖို့ ကမ္ဘာ့ဆွဲအားသုည(ကမ္ဘာ့ဆွဲအားမရှိ)တဲ့ အခြေအနေတစ်ခုမှာ သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို ပြသခဲ့ကြပါတယ်။

မာစတာကတ်က ကမကထပြုလုပ်ပေးတဲ့ ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းစံချိန်တင်ကြိုးပမ်းမှုအဖြစ် ဖီဂိုနှင့် ကမ္ဘာတစ်လွှားက အားကစားသမားတွေဟာ ဩဂုတ်လ(၂၀)ရက်မှာလေယာဉ်ပေါ် ဘောလုံးကွင်းတစ်ကွင်း အထူးဖန်တီးပေးထားတဲ့ လေယာဉ်တစ်စီးဖြင့် လိုက်ပါ ခဲ့ကြပါတယ်။ အမြင့်ပေ ၂၀၂၃၀ မှာ ကမ္ဘာ့ဆွဲအားကင်းမဲ့ဘောလုံးကစားနိုင်အောင် လေယာဉ်ဟာ မျဉ်းကွေး ပျံသန်းမှု  လမ်းကြောင်း parabolic flight path အတိုင်း ပျံသန်းပေးပြီး သုညကမ္ဘာ့ဆွဲအားဖြစ်အောင် ဖန်တီးပေးပါတယ်။ လေယာဉ် ပေါ်ပါ ဘောလုံးကွင်း ကလေးထဲမှာ သူတို့ အသင်းနှစ်သင်းခွဲ ဘောလုံး  ကစားခဲ့ကြပါတယ်။ သူတို့ဟာ ကမ္ဘာ့ဆွဲအားသုညparabolic flight path ဖြင့် အမြင့်ဆုံးပျံသန်း ဘောလုံးကစားကြသူများအဖြစ် ဂင်းနက်စ် မှတ်တမ်း စံချိန်ချိုးခဲ့ပါတယ်။

“ဘောလုံးဟာ နယ်စည်းတွေကို ကျော်လွန်ပြီး ကမ္ဘာအနှံ့က ပြည်သူတွေကို ညီညွတ်စေတယ်။ ယဉ်ကျေးမှုတွေ၊ နိုင်ငံသားတွေဆိုတာတွေကို ဖြတ်ကျော်ပြီး စိတ်လှုပ်ရှားမှုတွေပြင်းထန်ပေါက်ကွဲတဲ့ သွင်းပြင်အခြေအနေရှိတဲ့ ဘောလုံး ကွင်းတွေမှာ ကျွန်တော် ဘောလုံးကစားကြတယ်။  မြေပြင်အထက် အမြင့်ပေနှစ်သောင်းမှာ ဒီ လှပတဲ့ ကစားပွဲကစားရ တာ အတွေ့အကြုံအတူတူလို့ခံစားရတယ်။  ကြောက်ရွံခြင်းကင်းတဲ့ ဘောလုံးအရူးအမူးဖြစ်သူတွေဟာ မကြုံစဖူး အမြင့် မှာ အားကစားပွဲအတွက် သူတို့ရဲ့ ပြင်းပြတဲ့ ဇောအဟုန်တွေနှင့် ကစားခဲ့ကြတယ်” လို့ အသက် ၄၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖီဂိုက သတင်းထုတ်ပြန်ပါတယ်။

လေယာဉ်ပျံအတွင်းထဲမှာ တည်ဆောက်ထားတဲ့ ဘောလုံးကွင်းက ၇၅ စတုရန်းမီတာကျယ်ဝန်းပါတယ်။လေယာဉ်ကို အပေါ်တက်အောက်ဆင်း စက်ဝန်းပြတ်ပုံစံပျံသန်းပေးခြင်း parabolic flight path ဖြင့် ကမ္ဘာ့ဆွဲအားမဲ့အောင်ဖန်တီးယူ ရတာဖြစ်ပါတယ်။

တစ်ဖက်လေးဦးစီနှင်ကစားကြရမှာ ဖီဂိုပါတဲ့ အသင်းက နှစ်ဂိုး တစ်ဂိုးနှင့် အနိုင်ရရှိခဲ့ပါတယ်။ သူနင့်အတူ ကစားကြသူတွေဟာ ဥရောပ၊လက်တင်အမေရိကနှင့် အရှေ့အလယ်ပိုင်းကကစားသမားတွေဖြစ်ကြပါတယ်။

Source UPI/ESPN

#Oddly_News

#Zero_gravity_Soccer

#Luis_Figo