Published 25 Sept 2022

တရုတ်နိုင်ငံဟာ ယင်းရဲ့ ပထမဆုံး ပြည်တွင်းထုတ် လေယာဉ်တင်သင်္ဘောကြီး လျောင်နင်း စတင်တာဝန်ထမ်းဆောင်ကတည်းက  ရေကြောင်း တိုက်ခိုက်ရေးစွမ်းရည်တွေဟာ သိသိသာသာတိုးတက်လာခဲ့တယ်လို့ တရုတ်အစိုးရ မီဒီယာတွေကပြောပါတယ်။

လျောင်နင်းကို ၂၀၁၂ခုနှစ် စက်တင်ဘာလမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ထံ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကာလမှာ back-to-back (ဘက်တူဘက်) စနစ်ထိပ်တိုက်တွေ့မှုနှင့် လက်တွေ့တိုက်ပွဲလေ့ကျင့်ခန်း တွေကနေတစ်ဆင့် ပလက်ဖောင်းတစ်ခုမှသည်  တိုက်ပွဲဖွဲ့စည်းမှုအထိ၊ အသေးစားစနစ်လေ့ကျင့်မှုမှသည် အကြီးစားပူးတွဲစစ်ဆင်ရေးတွေအထိ လျောင်နင်းလေယာဉ်တင်စစ်သင်္ဘောကြီးရဲ့ ဖွဲ့စည်းပုံဟာ သင်္ဘောတွေ၊ရေငုပ်သင်္ဘောတွေနှင့် လေယာဉ်တွေကို  ကောင်းစွာ စုဖွဲ့ပေါင်းစပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။  ဖွဲ့စည်းမှုရဲ့ တိုက်ပွဲစွမ်းရည်ဟာဆက်တိုက်တိုးတက်လာတယ်လို့လည်း ဆိုပါတယ်။

 လက်ရှိမှာ လျောင်နင်းဟာ ပစိဖိတ်အနောက်ပိုင်းသမုဒ္ဒရာမှာ လေ့ကျင့်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။  လျောင်နင်း လေယာဉ်တင်သင်္ဘောဖွဲ့စည်းမှုကနေ အရှိန်မြင့်မားစွာဖြင့် ပျံသန်းနေတဲ့အမျိုးအမည်မသိ လေယာဉ်အုပ်စုတွေကို ထောက်လှမ်းနိုင်ခဲ့ပါတယ်။ 

ဖွဲ့စည်းမှုဟာ မိနစ်အနည်းငယ်အတွင်းမှာပဲ တိုက်ပွဲအစီအစဉ်တွေနှင့် တုန့်ပြန်နိုင်စွမ်းရှိခဲ့ပါတယ်။   အမိန့်ပေးစစ်စခန်းကနေ တိုက်ခိုက်ဖို့ အမိန့်ပေးနိုင်ပါတယ်။ ပြီးတော့ J-15 တိုက်လေယာဉ်တွေ ပစ်မှတ် လေပိုင်နက်ထဲ ဦးတည်ပျံသန်းနိုင်ပါတယ်။  များစွာသော တိုက်ပွဲနည်းနာတွေကတစ်ဆင့် တင်းကြပ်တဲ့ တိုက်စစ်နှင့်ခံစစ်တွေကို ဖွဲ့စည်း တည်ဆောက်နိုင်ခဲ့ပါတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

၂၀၁၇ခုနှစ်မှာ 901 အမျိုးအစား သမုဒ္ဒရာသွား ထောက်ပို့ ရေယာဉ် ဟူလန်ဟူကို အဆိုပါ ဖွဲ့စည်းမှုပုံစံအထဲ စတင်တာဝန်ပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က  အနောက်ပိုင်းပစိတ်ဖိတ် သမုဒ္ဒရာမှာ ဟူလန်ဟူဟာ လျောင်နင်းလေယာဉ်တင်သင်္ဘောကို ရေကြောင်းဆိုင်ရာ ဖြည့်တင်းမှုအောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ ရန်သူတွေရဲ့ ခြိမ်းခြောက်မှုအောက်ကနေ အကြီးစားဖြစ်တဲ့ နေ့ ည ကာလရှည်ထောက်ပို့မှုတွေကို  ထူးခြားအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။

တရုတ်ရဲ့ပထမဆုံး 055  ပုံစံ ပဲ့ထိန်းဒုံးဖျက်သင်္ဘော နန်ချန်းဟာလည်း ဖွဲ့စည်းမှုပုံစံထဲ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ လေယာဉ်တင်သင်္ဘော ဖွဲ့စည်းမှုဟာ  မတူတဲ့ လုပ်ငန်းတာဝန်ပေါ်မူတည်လုပ်ဆောင်တာပါ။  တိုက်ပွဲ အုပ်စုဝင်တွေကို မစ်ရှင်ချက်ခြင်းစနိုင်အောင် ယာယီရွေးချယ်တာဝန်ပေးပါတယ်။  အဲဒါကြောင့် ကျွန်တော်တို့ဟာ  စံမှီတဲ့ အကဲဖြတ်ယန္တယားတစ်စုံကို မိတ်ဆက်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၂)နှစ်အတွင်း အရာရှိတွေနှင်စစ်သည်တွေ အကဲဖြတ်မှု ပိုမိုအောင်မြင်လာခဲ့ကြပါတယ်။ ကျွန်တော်တို့ဆီမှာ တာဝန်ပေးဖို့ ကြီးမားတဲ့ ရွေးချယ်မှုရှိပြီးဖြစ်ပါတယ်” လို့ လျောင်နင်း လေယာဉ်တင်သင်္ဘောရဲ့ ကပ္ပတိန် ချေးယွန်ဂန်ကပြောပါတယ်။

Source CCTV+

#Aircraft_carrier_Liaoning

#China_Navy

#China_Military_Power