Published 25 Sept 2022

လေယာဉ်မောင်တစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နှင့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လော့အိန်ဂျလီ နိုင်ငံတကာလေဆိပ်မှာ  အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ အဲဒီလေယာဉ်ဟာ မက္ကဆီကိုက ပျံသန်းလာတဲ့ အမေရိကန်လေကြောင်းပိုင်လေယာဉ်ဖြစ်ပါတယ်။

အသက် ၃၃နှစ်အရွယ်ရှိ အဲလက်ဇင်းဒါး တွန်ကူးလီဟာ လေယာဉ်မောင်တစ်ဦးရဲ့ ဦးခေါင်းအနောက်ဖက်ကို လက်သီးနှင့် ထိုး ခဲ့တဲ့ ဗွီဒီယိုဟာ ဆိုရှယ်မီဒီယတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။ သူ့ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က တရားရုံးထုတ်ခဲ့ပါတယ်။

မက္ကဆီကိုနိုင်ငံ လော့စ်ကာဘို နိုင်ငံတကာလေဆိပ်မှ လေယာဉ်ထွက်ခွာပျံသန်းပြီး မိနစ် ၂၀အတွင်းမှာ လီဟာ  စိတ် အပြောင်းအလဲမြန်မြန်နှင့် စတင်လှုပ်ရှားခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေကပြောကြပါတယ်။ သူဟာ သူ့ခုံကနေ ထပြီး လျှောက်သွားလမ်းသလားနေခဲ့ပါတယ်။ ပြီးတော့ လေယာဉ်အမှုထမ်းတွေကို ရုန့်ရင်းကြမ်းတမ်းစွာပြုမှုခြိမ်းခြောက်ခဲ့ ပါတယ်။  အဲဒီနောက်သူဟာ လေယာဉ်အမှုထမ်းတွေက တိုင်လို့ သူဆီလာပြီး အကြိုးအကြောင်းပြောဖို့ကြိုးစားတဲ့ လေယာဉ်မောင်တစ်ဦးကို ဘာမပြော ညာမပြောဘဲနှင့် လက်သီးနှင့်ထထိုးခဲ့တာတွေကို ဗွီဒီယိုမှာ တွေ့နိုင်ပါတယ်။

လီကို လေဆိပ်မှာ လေယာဉ်ဆိုက်ဆိုက်ချင်း အက်ဖ်ဘီအိုင်က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီဖြစ်ရပ်ဟာ လေပေါ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး လေယာဉ်အမှုထမ်းတစ်ဦးကို နှောက်ယှယက်တဲ့ ဖက်ဒရယ်ပြစ်မှုမြောက်လို့ ဖြစ်ပါတယ်။

လီကို နောင်မှာ အမေရိကန်လေကြောင်းကိုစီးနင်းဖို့ ပိတ်ပင်လိုက်တယ်လို့  လေကြောင်းလိုင်းက သတင်းထုတ်ပြန်ပါတယ်။

လော့အိန်ဂျလိရောက်သည်အထိ သူ့ကို ထိန်းသိမ်းပေးခဲ့တဲ့ လေယာဉ်အမှုထမ်းတွေနှင့် ခရီးသည်တွေကို ကျေးဇူးတင် တယ်လို့လည်း လေကြောင်းလိုင်းက ပြောပါတယ်။

ရုပ်သံကြည့်ရန်

https://t.me/yangonmediagroup/3983

Source: Insider

#American_Airlines

#Alexander_Tung_Cuu_Le

#Punching_a_flight_attendant