Published 25 Sept 2022

မီချီဂန်မှ လူသားစားသူတစ်ဦးဟာ ကေဗင်ဘေကွန်ဆိုတဲ့ အမျိုးသားတစ်ဦးကို လွန်ခဲ့တဲ့သုံးနှစ်က ချိန်းတွေ့တဲ့ အက်ပလီကေးရှင်းတစ်ခုကနေ တွေ့ခဲ့ပြီးနောက် သူ့ကိုသတ်ဖြတ်ပြီး သူ့ရဲ့ ခန္ဓာအစိတ်အပိုင်းအချို့ကို စားသောက် ခဲ့တာကို အပြစ်ရှိတယ်လို့ ဝန်ခံခဲ့တယ်လို့  သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

မာ့ခ်လက်တန်စကီးဟာ အသက် ၂၅နှစ်အရွယ် ဆံသဆရာကို သတ်ဖြတ်ပြီး ခန္ဓာအစိတ်အပိုင်းတွေဖြတ်တောက်မှုနှင့် ရဲကဖမ်းဆီးခဲ့ပါတယ်။ ဆံညှပ်ဆရာကို သူက ၂၀၁၉ခုနှစ် ဒီဇင်ဘာလထဲမှာ သူနေထိုင်တဲ့ ဘင်နင်တန်မြို့နယ်ထဲက သူ့အိမ်ကိုမြှားခေါ်ခဲ့ပြီး သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

အသက် ၅၃နှစ်အရွယ်ရှိ လက်တန်စကီးဟာ ဘေကွန်ရဲ့နောက်ကျောကို ဓားနှင့်ထိုးခဲ့ပြီးနောက် သူ့ခန္ဓာ အစိတ်အပိုင်းတွေကို ဖယ်ရှားပစ်ခဲ့ပါတယ်။ အဲဒီနောက် မီးဖိုချောင်ထဲ သယ်သွားပြီး စားသောက်ခဲ့ပါတယ်လို့ Mlive.com  က သတင်းရေးသားပါတယ်။

သူဟာ ဆံသဆရာ ဘေကွန်ကို ဂေးတွေ၊နှစ်ဖက်ချွန်တွေနှင့် လိင်ပြောင်းထားသူတွေကို ချိန်းတွေ့တဲ့ Grindr အက်ပလီ  ကေးရှင်းကတစ်ဆင့်‌ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူဟာ ဘေကွန်ရဲ့ ဝှေးစေ့တွေကိုဖြတ်တောက်ပြီး စားသုံးခဲ့တယ်လို့ ရဲတွေကိုပြောပါတယ်။

ရက်ရက်စက်စက် အသတ်ခံရပြီးတဲ့နောက်  ဘေကွန်ရဲ့အလောင်းကို လက်တန်စကီးက သူ့အိမ်မြေအောက်ထပ် ထုတ်တန်းပေါ် တွဲလောင်းချိတ်ထားခဲ့တာကို တွေ့ရှိခဲ့ပါတယ်။ ခြေချင်းဝတ်တွေကို ကြိုးနှင့်တုတ်ထားပြီး လည်ပင်းကြီး က ကွဲနေပါတယ်။ပြီးတော့ ခန္ဓာအစိတ်အပိုင်းတွေလည်း ဖယ်ထုတ်ခံထားရပါတယ်လို့ အဆိုပါသတင်းဌာနက ဆက်လက် ရေးသားပါတယ်။

ဆွပ်ဇ်ခရိခ်မြို့က လက်တန်စကီး ဟာ အစပထမပိုင်း အပြစ်ရှိကြောင်း မဝန်ခံခဲ့ပါဘူး။ ဒါပေမယ့် သူ့ကို ပထမဆုံးရုံးထုတ်မယ့် အောက်တိုဘာ ၁၈ရက်မတိုင်ခင် တစ်လအလိုခန့်မှ ပြန်ပြောင်းဝန်ခံခဲ့တာဖြစ်ပါတယ်။

သူ့ အမှုသည်ဟာ စိတ်ဝေဒနာသည်တစ်ဦးဖြစ်တယ်လို့ သူ့ရဲ့ရှေ့နေ မာရီ ချာတီယာက ပြောပါတယ်။

၂၀၁၉ခုနှစ် ခရစ်စမတ်ကြိုမှာ သူရောက်မလာလို့ သူ့မိသားစုက အစပိုင်းမှာ စိုးထိတ်ခဲ့ကြပါသေးတယ်။  စုံထောက်တွေဟာ သူ့ကားကို ဒေါ်လာ ဂျင်နရယ်စတိုးရဲ့ ကားရပ်ကွင်းမှာ ရပ်ထားတာကို နောက်ပိုင်းမှာတွေ့ရှိခဲ့ပြီး သူ့ကို နောက်ယောက်ခံလိုက်ခဲ့ရာက အမှုကိုဖော်ထုတ်လိုက်နိုင်ခြင်းဖြစ်ပါတယ်။

သူ့အမှုကို အောက်တိုဘာ ၁၈ရက်မှာ စတင်ကြားနာမှာဖြစ်ပါတယ်။

Source: NY Post

ဘေကွန်လူသတ်စားခဲ့သည့်အိမ်

ဘေကွန်၏မိဘနှစ်ပါး