Published 20 Sept 2022

ထရပ်ဘီလူးကြီးတစ်စီးက ကားလေးတွေအပေါ် တက်နင်းကြိတ်ချေပြနေတဲ့မြင်ကွင်းကို ဒက်ထရွိုက် ကားပြပွဲမှာ ပရိဿတ်တွေက အကြိုက်တွေ့နေကြပါတယ်။ Bigfoot 20 လို့အမည်ပေးထားတဲ့ အဲဒီထရပ်ဘီလူးကြီးဟာ ကမ္ဘာ့ ပထမဆုံး လျှပ်စစ်နှင့်မောင်းနှင်တဲ့ ဧရာမ ထရပ်ကားဖြစ်ပါတယ်။  အဲဒီကားဘီလူးကြီးဟာ အလေးချိန်ပေါင်တစ်သောင်းတစ်ထောင် ရှိပြီး ယခုနှစ်မှာ ထုတ်လုပ်မှု ၁၀နှစ်ပြည့်ပြီဖြစ်ပါတယ်။ အဲဒီအပြင် ဘက်ထရီအားသုံး လျှပ်စစ်မော်တာနှင့်မောင်းနှင်တဲ့ တစ်ခုတည်းသော ထရပ်ဘီလူးကြီးပါ။

Source AFP

#Electric_monster_truck

#Bigfoot_20

#Detroit_Auto_Show